ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on May 24th, 2017
Challenges and Outlook to Social Democracy in Asia ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို အာရှ ဆိုရှယ်ဒီမိုကရေစီကွန်ရက်မှ ဦးဆောင်၍ မွန်ဂိုးလီးယားနိုင်ငံမြို့တော် အူလန်ဘာတာမြို့၊ ရှန်ဂရီလာဟိုတယ်တွင် ၂၀၁၇၊ မေလ၂၄ ရက်တွင် ကျင်းပပြုလုပ်လျက်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမောတို့မှ ကွန်ရက်အဖွဲ့ဝင်ပါတီများ၏ တာဝန်ရှိသူများနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on May 20th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များသည် ၂၀၁၇၊ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များက ၎င်းတို့၏ ဆောင်ရွက်ထားမှုများ၊ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ပါတီခေါင်းဆောင်များကလည်း လိုအပ်ချက်များကို ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ကြပါသည်။
By DPNS INFORMATION, on May 12th, 2017
IRI က စီစဉ်ကျင်းပသည့် နိုင်ငံရေးပါတီအကယ်ဒမီသင်တန်းကို ၁၂၊၅၊၁၇ ရက်နေ့တွင် ဘားအံမြို့ သီရိဘားအံဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် နိုင်ငံရေးပါတီများ၏ အခြေခံအုတ်မြစ် အားကောင်းခိုင်မာရေး၊ ရွေးကောက်ပွဲကြားကာလ လုပ်ငန်းစဉ်များ၊ ပါတီရုံးခွဲများ၏ လုပ်ငန်းများ၊ ပြည်သူဗဟိုပြု လုပ်ငန်းများ၊ မည်သို့မည်ပုံ ချဉ်းကပ်လုပ်ဆောင်မည့်အချက်များ၊ ပါတီတရပ် ရပ်တည်ရှင်သန်ကြီးထွားရေးနှင့် သက်ဆိုင်သောအချက်များ၊ မဲဆန္ဒရှင်များနှင့် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးလုပ်ငန်းများ၊ မဲဆွယ်ရေးလုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ လူ့ဘာင်သစ်ဒီမိုကရက်တစ်ပါတီ(ဘားအံမြို့နယ်) အပါအဝင် နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on May 11th, 2017
SocDem Asia ၏ စီစဉ်မှုဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ပြုလုပ်သော နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကို မြန်မာနိုင်ငံမှ ကိုမျိုးစော့ (လူ့ဘောင်သစ်လူငယ်)နှင့် ကိုစိုင်းလောင်ကွန်း( SNLD)တို့ တက်ရောက်လျက်ရှိပါသည်။ ၁၁၊ ၅၊ ၁၇ ရက် နေ့လည်ပိုင်းတွင် ဖိလစ်ပိုင်အောက်လွှတ်တော်သို့ သွားရောက် လေ့လာခဲ့ရာ အောက်လွှတ်တော်တာဝန်ရှိသူတစ်ဦးက ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေပြုပုံအဆင့်ဆင့်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီကြား ဆက်ဆံရေး၊ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးအခြေအနေအကျဉ်းတို့ကို ရှင်းပြဆွေးနွေးပေးခဲ့ပါသည်။
By DPNS INFORMATION, on May 9th, 2017
မြန်မာပြည်သို့ အလည်အပတ်ခရီးထွက်လာကြသော ဆွီဒင်ကျောင်းသားလူငယ်များနှင့် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များသည်၉၊၅၊၁၇ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ တွေ့ဆုံ၍ ပါတီ၏ ဖြတ်သန်းမှုသမိုင်း၊ လက်ရှိ နိုင်ငံရေးအခြေအနေများအပေါ် အမြင်သဘောထားတို့ကို ဆွေးနွေးခဲ့ကြသည်။
By DPNS INFORMATION, on May 7th, 2017
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးကို ၂၀၁၇ မေလ ၇ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။
By DPNS INFORMATION, on May 6th, 2017
“ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံ နောက်ဆုံးနေ့ကို ၆၊၅၊၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်း၌ုပြုလုပ်ခဲ့ပါသည်။ ပညာရေးစီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စများတွင် လူထုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ESPBAE မှ Ms. Helen Dabu၊ Mr. Rene Raya နှင့် ဒေါက်တာသိန်းလွင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပညာရေးလုပ်ငန်းကို လက်တွေ့ဆောင်ရွက်နေကြသည့် ပညာရှင်များက မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဌာနေတိုင်းရင်းသားပညာရေးနှင့် လူထုအခြေပြု ပညာရေးလုပ်ငန်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်နယ်ကျောင်းသားသမဂ္ဂများ၊ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဒေသခံများ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on May 5th, 2017
“ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံ ဒုတိယနေ့ကို ၅၊၅၊၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်း၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ညီလာခံအဖွင့်အမှာစကားကို သဘာပတိ ဆရာကိုတာနှင့် မွန်ပြည်နယ် NNER မှ ဆရာဦးမြသွင်တို့က ပြောကြားခဲ့ကြပါသည်။ NNER ဆောင်ရွက်ချက်များကို ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ရှင်းလင်းတင်ပြခဲ့ပါသည်။
By DPNS INFORMATION, on May 4th, 2017
SocDem Asia အစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့သည် အားလုံးပါဝင်သော မူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ၂၈၊၄၊၁၇ နေ့တွင် Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဝိမုတ္တိ၊ AJAR၊ ဖန်တီးအိမ်တို့မှ အမျိုးသမီးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on May 1st, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်အစည်းအဝေးကို ၂၀၁၇၊ မေလ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့နလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်အစည်းအဝေးကို ၂၀၁၇၊ မေလ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
|