ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on January 5th, 2018
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားကို ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ နိုင်ငံရေးပါတီများ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြရာ DPNS ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on January 4th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်သက်ဇွန်လင်းထင် လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ ကိုရဲအောင်အေး တို့ပါဝင်သည့်အဖွဲ့သည် ၂၀၁၈ ဇန်နဝါရီလ ၄ ရက် နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့သို့ ရောက်ရှိခဲ့ပါသည်။ ထိုသို့ရောက်ရှိရာတွင် ဘိုကလေးမြို့နယ်စည်းရုံးရေးကေိာမတီဥက္ကဋ္ဌ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံပြီး မြို့နယ်စည်းရုံးရေးအခြေအနေများ ဌာနချုပ်၏ ဆောင်ရွက်ထားရှိမှုများကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on January 2nd, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီနှင့် ပါတီ၏ အမျိုးသမီးလုပ်ငန်းကော်မတီ – WWC(Women Working Committee) တို့သည် ၂-၁-၂၀၁၇ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒီဇင်္ဘာ ၂၇- ၂၈ တို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးရရှိချက်များ ရှေ့လုပ်ငန်းစဉ်များကို WWC အဖွဲ့ဝင်များက တင်ပြဆွေးနွေးခဲ့ပါသည်။ ၂၉- ၃၀- ၃၁ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အမျိုးသမီးခေါင်းဆောင်မှုသင်တန်း ရရှိချက်နှင့် အခြေအနေတို့ကိုလည်း တင်ပြခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌနှင့် ပါတီတာဝန်ရှိသူများက WWC ပေါ်ပေါက်လာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် ပါတီအနေဖြင့် တတ်နိုင်သ၍ ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သိလိုသည်များနှင့် လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
[Show slideshow]
By DPNS INFORMATION, on December 31st, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” နောက်ဆုံးနေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေးသဘောတူညီချက်ဆိုင်ရာစာချုပ် (စီဒေါ)ပါ အချက်အလက်များ ခေါင်းဆောင်များတွင် ရှိသင့်သည့် အရည်အချင်းများ ခွဲတမ်းစနစ်ဆိုင်ရာအချက်အလက်များ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးခေါင်းဆောင်များ ရေကြည် ချောင်းသာ အင်္ဂပူ လပွတ္တာ တံတားဦး မြင်းခြံ ပွင့်ဖြူ ဆားလင်းကြီးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသည့် အမျိုးသမီးခေါင်းဆောင်များအား ဌာနချုပ်ခေါင်းဆောင်များက လာရောက်၍ ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ကြပါသည်။
Permalink By DPNS INFORMATION, on December 30th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” စတုတ္ထမြောက်နေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေးသဘောတူညီချက်ဆိုင်ရာစာချုပ် (စီဒေါ)ပါ အချက်အလက်များကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးခေါင်းဆောင်များ ရေကြည် ချောင်းသာ အင်္ဂပူ လပွတ္တာ တံတားဦး မြင်းခြံ ပွင့်ဖြူ ဆားလင်းကြီးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
[Show slideshow] 12►
By DPNS INFORMATION, on December 30th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” စတုတ္ထမြောက်နေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေးသဘောတူညီချက်ဆိုင်ရာစာချုပ် (စီဒေါ)ပါ အချက်အလက်များကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးခေါင်းဆောင်များ ရေကြည် ချောင်းသာ အင်္ဂပူ လပွတ္တာ တံတားဦး မြင်းခြံ ပွင့်ဖြူ ဆားလင်းကြီးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on December 29th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” တတိယမြောက်နေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေးသဘောတူညီချက်ဆိုင်ရာစာချုပ် (စီဒေါ)ပါ အချက်အလက်များကို ဆွေးနွေးခဲ့ကြပါသည်။ Ebba Kohl ကလည်း ဆွီဒင်နိုင်ငံအမျိုးသမီးလှုပ်ရှားမှုအဆင့်ဆင့် ပြောင်းလဲတိုးတက်လာပုံကို ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးများ ရေကြည် ချောင်းသာ အင်္ဂပူ လပွတ္တာ တံတားဦး မြင်းခြံ ပွင့်ဖြူ ဆားလင်းကြီးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
[Show slideshow] 12►
By DPNS INFORMATION, on December 28th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲ” ဒုတိယမြောက်နေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ယခင်နေ့ ဆွေးနွေးရရှိချက်များအား ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ပါတီခေါင်းဆောင်မှုအဆင့်ဆင့်၌ အမျိုးသမီးများပါဝင်မှု မြင့်တက်လာစေရေးအတွက် လုပ်ငန်းစဉ်များကိုလည်း ရေးဆွဲခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
[Show slideshow]
By DPNS INFORMATION, on December 28th, 2017 ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ ကွင်းပေါက်ကျေးရွာအုပ်စု ရပ်ကျေးရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို ၂၀၁၇ ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ရေကြည်မြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးစောအောင်နှင့် မြို့နယ်စည်းကော်မတီဝင်များ ကွင်းပေါက်ကျေးရွာအုပ်စု ရပ်ကျေးစည်းကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on December 27th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲ” ပထမနေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၂၇ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေ မြင့်တက်လာစေရေးသည် အမှန်တကယ် အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း ပါတီအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်သည့်ကိစ္စများရှိပါကလည်း အစွမ်းကုန် အကူအညီပေးမည်ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီလုပ်ငန်းများဆောင်ရွက်ရာ၌ အမျိုးသမီးများပါဝင်မှု မြင့်တက်လာစေရန် လုပ်ဆောင်ရမည့် အခြေအနေများ တွေ့ကြုံရသည့်အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါသည်။ဆွေးနွေးပွဲကို ငါးရက်ကြာကျင်းပမည်ဖြစ်ပြီး ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
[Show slideshow] 1234567►
|