လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဦးတိုးတိုးထွန်း
တွဲဖက်အထွေထွေအတွင်းရေးမှုး ၂

ကျွန်တော်တို့ မကြာခင်မှာမြန်မာနိုင်ငံဟာ ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုမှတ်တိုင် တစ်ခုကို ဖြတ်သန်းကြရမှာဖြစ်တယ်။

အဲ့လိုဖြတ်တဲ့အခါမှာ ရွေးကောက်ပွဲဆိုတာဘာလဲ ရွေးကောက်ပွဲတွေဟာ ကျွန်တော်တို့ဘာတွေရခဲ့လဲ အခုထပ်ဖြတ်မယ့်ရွေးကောက်ပွဲတွေကနေပြီးတော့မှ ကျွန်တော်တို့ ဘာတွေကို ဆုပ်ကိုင်မိအောင်လုပ်မလဲဆိုတာ အရေးကြီးတယ်။
အဲ့တော့ရွေးကောက်ပွဲဆိုတာဟာ ကျွန်တော်တို့ ဒီမိုကရေစီ ဖြစ်ထွန်းမှုမှာ မှတ်တိုင်ဖြစ်ပြီးတော့ လူထုလိုက်ပါမှုအားအကောင်းဆုံးသော တိုက်ပွဲပုံစံတစ်ခုဖြစ်တယ်။ ရွေးကောက်ပွဲတွေက အာဏာရှင်အဟောင်းနဲ့ အသစ်တွေရဲ့တိုက်ပွဲမဟုတ်ဘူး။
ပြီးခဲ့တဲ့ရွေးကောက်ပွဲ တွေကိုပြန်ကြည့်တဲ့အခါမှာ ရွေးကောက်ပွဲတွေကနေပြီးတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး လူ့အခွင့်ရေး ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး တွေကအခုထက်ထိ မသယ်ဆောင်သေးဘူးဖြစ်တယ်။
ကျွန်တော်တို့အခုလက်ရှိ ထပ်ပြီးရင်ဆိုင်ရမယ့် ရွေးကောက်ပွဲတွေကတော့ ကျွန်တော်တို့တိုင်းပြည်အတွက် တကယ်စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရ စစ်မှန်တဲ့လူထုအဖွဲ့တွေ လူထုကိုယ်စားလှယ်တွေ အနာဂတ်ကိုတိုင်းပြည်အကျိုး လူထုအကျိုးအတွက်ဖန်တီးပေးနိုင်မဲ့ လူပုဂ္ဂိုလ်တွေရွေးချယ်ပေးရမယ် အဖွဲ့အစည်းတွေ ပါတီတွေကိုရွေးချယ်ပေးရမယ်။

အဲဒီကနေပြီးတော့မှ တိုင်းရင်းသားအားလုံးလူမျိုးပေါင်းစုံပါတဲ့
အနာဂါတ်ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြရမှာဖြစ်တယ်။

ဦးတိုးတိုးထွန်း တွဲဖက်အထွေထွေအတွင်းရေးမှုး ၂ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ