လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

သူတို့သဘောထား အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဦးသီဟထွဋ်ခင်
အထွေထွေအတွင်းရေးမှုး

ဖက်ဒရယ်ဆိုတာကို ဖြည့်ပြောချင်တာဖြစ်ပါတယ် ဒါကရှေ့မျိုးဆက်စီက ကျွန်တော်တို့လက်ဆင့်ကမ်းပြီးတော့ ခံယူခဲ့တဲ့ စိတ်ကူးအိမ်မက် တန်ဖိုးထားမှု တစ်ခုလို့ဆိုရမှာပါ ဒီနိုင်ငံကိုနိုင်ငံတော် တစ်ရပ်အဖြစ်စပြီးတော့အခြေ သယ်ခဲ့တဲ့ခေါင်းဆောင်တွေစီကနေ လက်ဆင့်ကမ်းလာတာလဲဖြစ်ပါတယ် ဒါကိုလက်တွေ့အကောင်ထည်ဖော်ဖို့အတွက် မျိုးဆက်တွေနဲ့ချီပြီး ဘဝတွေအသက်တွေရင်းပြီးတော့ အားထုတ်ခဲ့ကြတယ် ကြိုးပမ်းခဲ့ကြတယ် ဒါပေမယ့် အခုလူငယ်မျိုးဆက်သစ်တွေစီကြတော့ ဒါကိုအလေးပေးတန်ဖိုးထားမှုတွေက လျော့သွားတာတွေရတယ် သူတို့တိမ်းညွတ်မှုက ကွန်ဖက်ဒရေးရှင်းတို့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတို့ဖြစ်သွားပြီး ဒါဟာသမိုင်းလက်တွေ့ က စိတ်ပျက်ဝမ်းနည်းစရာကောင်းအောင် သင်ကြားလိုက်တဲ့ သင်ကြားချက်တွေကြောင့် ရုပ်တိနည်းကြလူငယ်တွေပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒါကိုပြန်ပြင်ဖို့ဆိုရင် ကျွှန်တော်တို့ နိုင်ငံရေးအင်အားစုအားလုံးမှာ တာဝန်သေသေချာချာရှိတယ် ဒီအလားအလာဆိုးလက်က မျိုးဆက်တွေကို ဆယ်တင်ဖို့ဆိုရင် ဒီနိုင်ငံကိုဦးဆောင်ဦးရွက်ပြုပြီးတော့စီမံခန့်ခွဲနေသူတွေက တာဝန်အရှိဆုံး လို့ပြောချင်တယ် ဒါကိုကျွန်တော်သတိပေးချင်တာဖြစ်တယ်။

ဦးသီဟထွဋ်ခင်
အထွေထွေအတွင်းရေးမှုး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ