လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

သူတို့သဘောထား အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဒေါ်နှင်းနှင်းမွှေး
တွဲဖက် အထွေထွေအတွင်းရေးမှုး- ၁

ပညာရေးဆိုတာဟာ အခွင့်ထူးခံတွေအတွက်နဲ့ မဟုတ်ဘဲနဲ့ အားလုံးအကြုံးဝင်တဲ့ ပညာရေးစနစ်တစ်ရပ် ဖြစ်ဖို့လိုအပ်တယ်လို့ ကျွန်မတို့ကယူဆတယ် လွတ်လပ်တဲ့တန်းတူညီမျှတဲ့ ကိုယ်ပိုင်ပြဠာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးတစ်ရပ်ကို ကျွန်မတို့က မလဲမသွေတည်ဆောက်ရမှာဖြစ်ပါတယ်
ကျောင်းစာသင်ခန်းပြင်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေ ကြတဲ့ကလေးသူငယ်တွေ ပညာရေးစနစ်သင်ကြားနိုင်ဖို့အတွက်ကို ကူညီပံ့ပိုးမှုများအပါအဝင် ဥပဒေများပြဠာန်းပေးဖို့လိုအပ်တယ် ပညာရေးပြုပြင်ပြောင်းလဲမှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍ ကနေပါဝင်နေကြတဲ့ဆရာ၊ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ လုပ်ခလစာတွေတိုးမြင့်ပေးဖို့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ပညာရေးအသုံးစရိတ်ကို ၈ ရာခိုင်နှုန်းကျော် သုံးစွဲနေရာကပြီးတော့၂၀ ရာခိုင်နှုန်း တိုးမြင့်သုံးဆွဲနိုင်ဖို့ ကျွန်မတို့ ဆောင်ရွက်ပေးရမယ် အလုပ်အကိုင်အခွင့်အလမ်း လိုအပ်နေတဲ့လူငယ်များအတွက်ကို အသက်မွေးဝမ်းကြောင်း ပညာသင်ကြောင်းတွေကို ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင်ကြားပေးနိုင်ဖို့လိုအပ်တယ်။ စာသင်ကျောင်းတွေဟာ ကျောင်းသားဆရာမိဘများအတွက် ကိုယ်စိတ်နှစ်ပါးလုံခြုံ ဖို့အင်မတန်အရေးကြီးတဲ့အတွက်မို့လို့ covid-19 ကူးဆက်ကပ်ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလမှာ ရောဂါကိုထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲနဲ့ စာသင်ကျောင်းတွေကို ဖွင့်လှစ်ခြင်းမပြုဖို့ အစိုးရကိုကျွန်မတို့ကတိုက်တွန်းလိုပါတယ်။

ဒေါ်နှင်းနှင်းမွှေး
တွဲဖက် အထွေထွေအတွင်းရေးမှုး- ၁
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ