လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

သူတို့သဘောထား အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဦးငွေလင်း
ဗဟိုအလုပ်မှုဆောင်ကော်မတီ


ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်နည်းနည်းလေး တင်ပြချင်ပါတယ်။ ပြည်တွင်းစစ် ဒီလောက်ထိရှည်ကြာနေတာ ဘာကြောင့်လဲဆိုတဲ့ အချက်မှာ ဒီမိုကရေစီဆိတ်သုန်းတာနဲ့ အမျိုးသားတန်းတူခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ကင်းမဲ့တာကြောင့်ဖြစ်ပါတယ်။ အဲတာ တွေနဲ့ ပတ်သက်ပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အစိုးရအဆက်ဆက်က တိတိကျကျဘာမှမလုပ်ခဲ့ပဲနဲ့ အကုန် အတုအယောင်တွေကြီးပဲလုပ်ခဲ့တယ်။ ဒီဘက်ခေတ် ဒီမိုကရေစီအကူးအပြောင်းခေတ်မှာ ရှိတဲ့အစိုးရ တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးနည်းနည်းရှေ့ရောက်လာတယ်လို့ ပြောလို့ရတယ်။ သို့ပေမဲ့ လိုအပ်ချက်တွေက အများကြီးပဲ ဒါကြောင့်မို့ စစ်ပွဲတွေက ဆက်ဖြစ်နေတယ်။ အထူးသဖြင့်ဆိုရင်တော့ ရခိုင်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေက တော်တော်ကြေကွဲစရာကောင်းတဲ့စစ်ပွဲတွေဖြစ်ပါတယ်။ ဒီစစ်ပွဲတွေရဲ့အကျိုးဆက်ကြောင့် အမုန်းတရားတွေ အာယာတတွေ အမျိုးသားသွေးစည်းညီညွှတ်မှု ပြိုကွဲမှုတွေ ယုံကြည်ကင်းမဲ့မှုတွေဖြစ်လာနိုင်တယ်။ မြန်နိုင်သမျှအမြန်ရပ်တန့်ဖြစ်ဖို့လိုတယ်။ ဖြေရှင်းပစ်ဖို့လိုတယ်။ အဲအချိန်မှာ တံဆိပ် ဆိုးတွေ ကပ်နေမဲ့အစား မပြီးဆုံးနိုင်မဲ့တိုက်ပွဲတွေတိုက်နေမဲ့အစား တန်းတူရည်တူ လွတ်လွတ်လပ်လပ် တစ်ဦးကိုတစ်ဦးတန်းဖိုးထားပြီးတော့မှ အသိအမှတ်ပြုပြီးတော့မှ အမျှော်မြင်ကြီးကြီးနဲ့ ဆွေး နွေးကြဖို့လိုတယ်လို့ ကျွန်တော်တို့အနေနဲ့ထောက်ပြချင်တယ်။

ဦးငွေလင်း
ဗဟိုအလုပ်မှုဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ