ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း/၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်။ စာအမှတ် ၊ ၊ ဌနခ / ဗအန / ၂၀၂၀ / ၆။

ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း

ထုတ်ပြန်ချက်များ သတင်းထုတ်ပြန်ချက်

စာအမှတ် ၊ ၊ ဌနခ / ဗအန / ၂၀၂၀ / ၆။
ရက်စွဲ ၊ ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်။

ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း

စာအမှတ် ၊ ၊ ဌနခ / ဗအန / ၂၀၂၀ / ၆။
ရက်စွဲ ၊ ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်။

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် မပြီးဆုံးသေးသည့် ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဆက်လက်သယ်ဆောင် ရုန်းကန်ကြရေး နည်းလမ်းတစ်ရပ်အဖြစ် ၂၀၂၀၊ နိုဝင်္ဘာ (၈) ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် “ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ” စိတ်ဓာတ်ကို ဥိးထိပ်ထားလျက် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။
ထို့ကြောင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၇-၁၈) ရက်များတွင် ကျင်းပခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် (၁) အရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီ၏ ဗဟိုအောင်နိုင်ရေးကော်မတီကို အောက်ပါ ရဲဘော်များအား တာဝန်ပေးအပ် ဖွဲ့ စည်းလိုက်ပါသည်။

၁။ ဦးသီဟ – ဥက္ကဋ္ဌ
၂။ ဒေါ်နှင်းနှင်းမွှေး – အတွင်းရေးမှူး
၃။ဦးတိုးတိုးထွန်း – အဖွဲ့ဝင်
၄။ ဦးငွေလင်း – အဖွဲ့ဝင်
၅။ ဦးကျော်ကျော်စိုး – အဖွဲ့ဝင်
၆။ ကိုသူအောင် – အဖွဲ့ဝင်

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် စသည့် လွှတ်တော်အသီးသီးတွင် ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ တိုင်ရင်းသားပါတီများ အပါအဝင် အခြားသောပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ အမှန်တရားနှင့် တရားမျှတမှုအတွက် အဆိုများ၊ တင်ပြချက်များ ပူးပေါင်းလက်တွဲ တင်ပြဆောင်ရွက်ခြင်း၊ လွှတ်တော်အသီးသီးတွင် လူထုအသံကို ထင်ဟပ်နိုင်ရန် အားထုတ်ကြိုးပမ်းခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ”

ဗဟိုအောင်နိုင်ရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

ဆက်သွယ်ရန် – ဦးသီဟ (၀၉ ၇၈၅ ၁၀၅ ၈၀၈)၊ ဒေါ်နှင်းနှင်းမွှေး (၀၉ ၄၄၃ ၀၅၁ ၉၉၆)