ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

August 2019
M T W T F S S
« Jul    
 1234
567891011
12131415161718
19202122232425
262728293031  

UEC နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်

၇၊ ၈၊ ၂၀၁၉။ မန္တလေး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၉၊ သြဂုတ်လ၊ ၇ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးလွှတ်တော်ရုံးဟောင်း၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းအတွင်းရှိ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမဟာဗျူဟာစီမံကိန်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးသန့်စင်နှင့် အောင်မြေသာစံမြို့နယ်ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဦးသန့်စင်က တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်စေချင်ကြောင်း၊ ရွေးကောက်ပွဲအစဉ်ဆက် မဲစာရင်းအမှားများအပါအဝင် အားနည်းမှုများကို ပြုပြင်ပြီး အကောင်းဆုံးပြင်ဆင်နိုင်ရန် ကြိုးစားကြစေချင်ကြောင်း၊ ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်များ အာရုံစူးစိုက်မှု၊ မဲပေးမှု နည်းပါးလာခြင်းအပေါ် UEC အပါအဝင် ပါတီများ၊ အရပ်ဖက်အဖွဲ့စည်းများ

ရှစ်လေးလုံး အရေးတော်ပုံ ပုလဲရတု အကြို စကားဝိုင်း

သြဂုတ် – ၆ ၊၂၀၁၈

ရှစ်လေးလုံး အရေးတော်ပုံ ပုလဲရတု အကြို စကားဝိုင်း ။

7 Day TV Live ၏ ဖော်ပြချက်။

ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အကြို စကားဝိုင်း

ရှစ်လေးလုံး အရေးတော်ပုံ ပုလဲရတု အကြို စကားဝိုင်း သြဂုတ် – ၆ ၊၂၀၁၈ လာမယ့် သြဂုတ်လ ၈ ရက်ဆို ဆိုရှယ်လစ် အမည်ခံ တစ်ပါတီ အာဏာရှင်စနစ်နဲ့ ၂၆ နှစ်ကြာ ပြည်သူတွေကို လှောင်အိမ်ထဲထည့် အုပ်ချုပ်ခဲ့တဲ့ စစ် အာဏာရှင်ကို လူထု တစ်ရပ်လုံး အုံကြွတော်လှန်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ရဲ့ နှစ်သုံးဆယ်ပြည့် ပုလဲရတုကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ အာဏာရှင် နိုင်ငံတွေကို လူထုအုံကြွမှုနဲ့ ဒီမိုကရေစီရရှိဖို့ တော် လှန်ခဲ့ကြတဲ့ ဒီမိုကရေစီ တော်လှန်ရေး တတိယလှိုင်းမှာ မြန်မာနိုင်ငံက အစောဆုံးပါဝင် ခဲ့တာလည်း ဖြစ်ပါတယ်။ဒါပေမယ့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေးဟာ ပန်းတိုင်တော့ မရောက်ခဲ့ပါဘူး။ တစ်ပါတီ အာဏာရှင်စနစ် ကျဆုံးသွားခဲ့ပေမယ့် ပါတီမဲ့စစ်အာဏာရှင်ရဲ့ လက်အောက် မှာ နောက်ထပ် ၂၅ နှစ် နေထိုင်ခဲ့ကြရပါတယ်။အာဏာရှင်တွေရဲ့ လက်အောက်မှာ ဘယ်လိုပင် ခါးသီးစွာဖြတ်သန်းခဲ့ရပါစေ ရှစ်လေး လုံး အရေးတော်ပုံကြီးရဲ့ သမိုင်းဟာ ပျောက်ပျက်မသွားခဲ့သလို ရှစ်လေးလုံး အရေး တော်ပုံကြီးကို စတင်ဖောက်ခွဲခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားတို့ရဲ့ သမိုင်းကလဲ ဆက် လက်တည်တံ့နေဆဲပါ။

Posted by 7Day TV on Sunday, 5 August 2018

DPNS ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉)

၃ – ၅ သြဂုတ်၊ ၂၀၁၉။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၂/၂၀၁၉ ကို ရန်ကုန်မြို့ရှိ ပါတီဌာနချပ်ရုံး၌ ၂၀၁၉၊ သြဂုတ်လ၊ ၃ ရက်မှ ၅ ရက်နေ့ထိ ၃ ရက်တာ ကျင်းပခဲ့သည်။ ပထမရက်တွင် အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် ဗဟိုကော်မတီဝင်များက လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ဆွေးနွေးခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို တင်ပြအတည်ပြုခြင်း၊ ဗဟိုကော်မတီဝင်များက မိမိတို့ဒေသတွင်း နိုင်ငံရေး စည်းရုံးရေးနှင့် လူထုရေးရာအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။ ဒုတိယရက်တွင် လူ့ဘောင်သစ်လူငယ်၏ လုပ်ငန်းအစီရင်ခံစာကို YNS အတွင်းရေးမှူးက တင်ပြ၍ ဗဟိုကော်မတီဝင်များက အကြံပြုဆွေးနွေးခြင်း၊ ၂၀၁၉ လုပ်ငန်းစဉ်ဇယားတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများကို အထွေထွေအတွင်းရေးမှူးက တင်ပြ၍ ဗဟိုကော်မတီဝင်များက

ကျေးလက်လူထုလှုပ်ရှားမှုများကို ဝန်းရံမည့် ကော်မတီတစ်ရပ်ကို DPNS နှင့် နိုင်ငံရေးအင်အားစုများ စုပေါင်းဖွဲ့စည်း

( ၁၊ သြဂုတ်၊ ၂၀၁၉ နေ့ထုတ် Daily ELEVEN သတင်းစာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာကိစ္စ အပါအဝင် ကျေးလက်ဒေသ လူထုလှုပ်ရှားမှုများကို ကူညီဝန်းရံရေး ရည်ရွယ်သည့် “ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ”ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုများ စုပေါင်းပြီး ဇူလိုင် ၂၈ ရက်က ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ကော်မတီတွင် တောင်သူလယ်သမားအရေး တက်ကြွသူများ၊ ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ရှစ်ဖွဲ့နှင့် နိုင်ငံရေးပါတီတစ်ခုတို့ ပူးပေါင်းဖွဲ့စည်းခြင်းဖြစ်သည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွင့်ဝင် ဦးငွေလင်းက ပြောကြားသည်။ “စီမံကိန်းများကြောင့်ဖြစ်စေ၊ စီမံကိန်းခန့်ခွဲမှု လွဲမှားခြင်းကြောင့်ဖြစ်စေ ဆုံးရှုံးနစ်နာနေတဲ့ ပြည်သူလူထုကို ကူညီဝန်းရံသွားဖို့ အဓိက ရည်ရွယ်ပါတယ်” ဟု ဦးငွေလင်းက ပြောကြားကြားသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း

DPNS စည်းရုံးရေးမှူးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ သင်တန်းဆင်းပွဲ

၂၀၁၉၊ သြဂုတ်။ ၁။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ သင်တန်းဆင်းပွဲကို ၂၀၁၉၊ သြဂုတ်၊ ၁ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းလက်မှတ်များကို ပါတီဒုဥက္ကဋ္ဌနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)တို့က သင်တန်းသားများအား ပေးအပ်ခဲ့ကြပါသည်။ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှ ပါတီရဲဘော်များ သင်တန်းတက်ရောက်ခဲ့ကြပါသည်။

123►