ပါတီစည်းရုံးရေးမှူးသင်တန်း(၂/၂၀၁၉) သင်တန်းဆင်းပွဲ

၂၀၁၉၊ ဒီဇင်ဘာ ၂၄။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း (၂/၂၀၁၉) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၄ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် ပါတီတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားရာ၌ မိမိတို့အနေဖြင့် ဤသင်တန်းကို အခက်အခဲများကြားမှ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပါတီစည်းရုံးရေးမှူးများအနေဖြင့် မိမိတို့ဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိချိန်တွင် လူထုကြားသို့သွားရောက်၍ လူထုနှင့်အတူ ပါတီတည်ဆောက်ရေးကို ဆောင်ရွက်ကြဖို့လိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသောဧည့်သည်များကလည်း ဂုဏ်ပြုအမှတ်တရစကားပြောကြားရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ပါတီရဲဘော်များအား လေးစားတန်ဖိုးထားကြောင်း၊ နိုင်ငံအနာဂတ်တွင် လူထုအကျိုးပြုပါတီတရပ်အဖြစ် မားမားမတ်မတ်ရပ်တည်နိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြပါသည်။ပါတီစည်းရုံးရေးမှူးသင်တန်း ၂/၂၀၁၉ တွင် ချောင်းသာ၊ အင်္ဂပူ၊ ရေကြည်၊ မန္တလေး၊ မင်းဘူး၊ ပွင့်ဖြူမြို့နယ်တို့မှ ပါတီရဲဘော်များ သင်တန်းတက်ရောက်ခဲ့ကြပါသည်။၂၀၁၉၊ […]

Continue Reading

တောင်သူလယ်သမားညီလာခံနှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနား

၂၀၁၉၊ ဒီဇင်ဘာ ၂၁-၂၂။ ရန်ကုန်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၁၊ ၂၂ ရက်နေ့များတွင် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မကွေးပရိယတ္တိစာသင်တိုက်၌ တောင်သူလယ်သမားညီလာခံနှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားတရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုညီလာခံသို့ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခု ရှိ မြို့နယ် ၄၀ မှ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစု အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ထိုညီလာခံသို့ DPNS ပါတီကိုယ်စား ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်း တက်ရောက်၍ ပါတီ၏ တောင်သူလယ်သမားများနှင့် မြေယာပြဿနာများအပေါ်ထားရှိသည့် သဘောထားများကို ဆွေးနွေးခဲ့ပြီး ပါတီမှပေးပို့သည့် သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။ညီလာခံတက်ရောက်သူများက ခေါင်းစဉ် ၄ ခုအပေါ် အုပ်စု […]

Continue Reading

တောင်သူလယ်သမားနေ့ အခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်

ဒီဇင်ဘာ၊ ၂၁-၂၂၊ ၂၀၁၉။ မအူပင်မြို့။ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ တပွတ္တနောင်ကြီးကျေးရွာ၊ ပညာရံသီနှစ်ကျိပ်ရှစ်ဆူကျောင်းတိုက်၌ ဒီဇင်ဘာလ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲပထမနေ့တွင် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဒေသဆိုင်ရာပြဿနာများ၊ တောင်သူလယ်သမားနေ့အပေါ်သဘောထား၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒုတိယနေ့တွင် တောင်သူလယ်သမားနေ့ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ၁၉၃၀၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆရာစံဦးဆောင်သည့် လယ်သမားတော်လှန်ရေးတပ်ကြီးက ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့ကို စတင်တော်လှန်ခဲ့ကြသည်။ ၁၉၆၂၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ၎င်းနေ့ကို တောင်သူလယ်သမားနေ့အဖြစ် အာဏာသိမ်းစစ်အစိုးရက သတ်မှတ်ခဲ့သည်။ ၎င်းလုပ်ရပ်သည် စစ်အာဏာရှင်စနစ် […]

Continue Reading

ကသာမြို့နယ်ဒေသခံတောင်သူများနှင့် ဆွေးနွေးပွဲ

၂၀၁၉၊ ဒီဇင်ဘာ ၁၈။ ကသာမြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးသည် ကသာမြို့နယ်ဒေသခံတောင်သူများနှင့် ၂၀၁၉၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ မအောင်မြင်သည့် ကသာ-မြစ်ကြီးနားမီးရထားလမ်းပိုင်း ဖောက်လုပ်ရာတွင် ဒေသခံများ၏ မြေယာများသိမ်းယူခံရမှု၊ သီးနှံနှင့် မြေယာလျော်ကြေး ပေးလျော်ရာတွင် ဒေသခံအာဏာပိုင်အချို့၏ မသမာမှုများနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်သင့်သည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ဥပဒေပြုခြင်းဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲ

၂၀၁၉၊ ဒီဇင်ဘာ ၁၄- ၁၅။ မကွေး။ YSPS က စီစဉ်ပြုလုပ်သည့် ဥပဒေပြုခြင်းဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲတွင် မကွေးတိုင်းအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲမြို့နယ်တို့မှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များလည်း ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

Continue Reading

ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေး

၁၅/၁၂/၂၀၁၉။ ပေါက်ခေါင်းမြို့နယ်။ ၂၀၁၉၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်ကြီးအနောက်ဘက်ခြမ်း ကင်မွန်းခြုံကျေးရွာအုပ်စု၊ သေမသောက်ကျေးရွာတွင် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂစုစည်းရေးအဖွဲ့မှရဲဘော်များ၊ ပေါက်ခေါင်းမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များ၊ ချောင်းကောင်း၊ သပြေတောင်၊ ကုန်းတန်း၊ သေမသောက်၊ ကင်မွန်းခြုံ၊ ဒွရွာတို့မှ တောင်သူလယ်သမားရဲဘော်များ စုစုပေါင်း (၃၀)ခန့် တက်ရောက်၍ ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ဘားအံမြို့နယ်ပါတီကော်မတီနှင့် တွေ့ဆုံဆွေးနွေး

၂၀၁၉၊ ဒီဇင်ဘာ ၁၄။ ဘားအံ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းတို့သည် ဘားအံမြို့နယ်ပါတီကော်နှင့် ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ဘားအံမြို့၌ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပါတီက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ပါတီတည်ဆောက်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

Continue Reading

ဥပဒေပြုခြင်းဖြစ်စဉ်အား HR အခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

၂၀၁၉၊ ဒီဇင်ဘာ ၁၄- ၁၅။ မကွေး။ YSPS က စီစဉ်ပြုလုပ်သည့် ဥပဒေပြုခြင်းဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲတွင် မကွေးတိုင်းအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲမြို့နယ်တို့မှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များလည်း ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

Continue Reading