( ၃၆ ) နှစ်မြောက် တံတားနီနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ
(၃၆) နှစ်မြောက် တံတားနီနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် သဝဏ်လွှာ ၁။ (၁၆၊ ၃၊ ၂ဝ၂၄) နေ့သည် မဆလအရေခြုံ စစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်မှုကြောင့် ရန်ကုန်တက္ကသိုလ်-အင်းလျား ကန်ဘောင်၌ ကျောင်းသူ ကျောင်းသားတို့၏ သွေးဖြင့် ချင်းချင်းနီခဲ့ရသော တံတားနီနေ့ (၃၆) နှစ်မြောက် နှစ်ပတ်လည် နေ့ ဖြစ်သည်။၂။ ၁၉၈၈၊ မတ်လ ၁၃ ရက်နေ့တွင် စစ်အာဏာပိုင်များ၏ လူမဆန်သော တရားမဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် စက်မှု တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ အသက်ဆုံးရှုံးကြရသည့်ပြင် တဖက်သတ် သတင်းမှားများ ထုတ်ပြန် ၍ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားတို့၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည်။ စစ်အုပ်စု ကျုးလွန်ခဲ့သော ရာဇဝတ်မှုများကို ပြောင် လိမ်ညာဖုံးကွယ်ရန် အားထုတ်ခဲ့သည်။ ဤ […]
Continue Reading