ရဲဘော်ညီမင်းသူ ကျဆုံးခြင်း ၂ နှစ်ပြည့် အလေးနီပြုခြင်း အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် သဝဏ်လွှာ
၁။ အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ရဲဘော်ညီမင်းသူ ကျဆုံးခြင်း ၂ နှစ် ပြည့်၊ ဗကသ ကျဆုံးရဲဘော်များ နှင့် ခေတ်အဆက်ဆက် အသက်စွန့်ခဲ့ကြသော အာဇာနည် သူရဲကောင်းများအား အလေးနီပြုခြင်း အခမ်းအနားကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အလေးအမြတ်ပြုပါသည်။
၂။ ရဲဘော်ညီမင်းသူသည် လွန်ခဲ့သော ၂ နှစ်က ဖက်ဆစ်စစ်အုပ်စု၏ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နေရာတွင်ပင် ဂုဏ်ရောင်ပြောင်စွာဖြင့် ကျဆုံးခဲ့ရပေသည်။ စစ်အာဏာရှင်စနစ်ဆိုး အမြစ်ဖြတ်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် ကြိုးပမ်းသည့် တော်လှန်ရေးခရီးကြမ်းဝယ် အသက်၊ ခန္ဓာ၊ ဘဝများ ထည့်ဝင်ခဲ့ကြသည့် ရဲဘော်ညီမင်းသူ အပါအဝင် ဗကသ ကျဆုံးရဲဘော်များနှင့် တော်လှန်ရေးရဲဘော်အပေါင်းတို့ကို သမိုင်းပေးတာဝန် ကြေပွန်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများအဖြစ် မိမိတို့ပါတီက အလေးအနက် မှတ်တမ်း တင်အပ်ပါသည်။
၃။ ၂၀၂၁ နွေဦးတော်လှန်ရေး၏ လိုအပ်ချက်အရ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ – GSC စုဖွဲ့ခဲ့ရာတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သည် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီနှင့်အတူ၊ ကျန်မဟာမိတ်အင်အားစုများနှင့်အတူ လက်တွဲပါဝင်ခဲ့ပြီး ယနေ့ထိတိုင် တော်လှန်ရေးတာဝန်များ ကို မဆုတ်မနစ် ကြိုးပမ်းထမ်းဆောင်လျက်ရှိသည့် အပေါ်တွင်လည်း မိမိတို့ပါတီက များစွာ ဂုဏ်ယူပါသည်။
၄။ မိမိတို့ ပါတီအနေဖြင့် နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သည့် စစ် ၃ စစ်ကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုကြီး ထူထောင်နိုင်သည်အထိ ဗကသများအဖွဲ့ချုပ် အပါအဝင် မဟာမိတ်အင်အားစုများနှင့် အတူ၊ လူမျိုးစုံပြည်သူများနှင့်အတူ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိဓိဋ္ဌာန်ပြုရင်း ဤ သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၅၊ ဖေဖော်ဝါရီ၊ ၂၀၂၄။