( ၃၆ ) နှစ်မြောက် တံတားနီနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

(၃၆) နှစ်မြောက် တံတားနီနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် သဝဏ်လွှာ

၁။ (၁၆၊ ၃၊ ၂ဝ၂၄) နေ့သည် မဆလအရေခြုံ စစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်မှုကြောင့် ရန်ကုန်တက္ကသိုလ်-အင်းလျား ကန်ဘောင်၌ ကျောင်းသူ ကျောင်းသားတို့၏ သွေးဖြင့် ချင်းချင်းနီခဲ့ရသော တံတားနီနေ့ (၃၆) နှစ်မြောက် နှစ်ပတ်လည် နေ့ ဖြစ်သည်။
၂။ ၁၉၈၈၊ မတ်လ ၁၃ ရက်နေ့တွင် စစ်အာဏာပိုင်များ၏ လူမဆန်သော တရားမဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် စက်မှု တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ အသက်ဆုံးရှုံးကြရသည့်ပြင် တဖက်သတ် သတင်းမှားများ ထုတ်ပြန် ၍ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားတို့၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည်။ စစ်အုပ်စု ကျုးလွန်ခဲ့သော ရာဇဝတ်မှုများကို ပြောင် လိမ်ညာဖုံးကွယ်ရန် အားထုတ်ခဲ့သည်။ ဤ လူမဆန်သောလုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒ ပြကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများကို အင်းလျားကန်ဘောင် တံတားဖြူ မှတ်တိုင်အနီးတွင် အကြမ်းဖက် ရိုက်နှက် ချေမှုန်းလျက် စစ်အုပ်စုက ၂ ထပ်ကွမ်း ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်။
၃။ သမိုင်းဝင် တံတားနီနေ့ ဖြစ်ရပ်သည် စစ်အာဏာရှင်စနစ်ဆိုး၏ ကြမ်းကြုတ်ရက်စက်မှုကို မျက်နှာဖုံးခွာချ မီး မောင်းထိုးပြခဲ့သလို ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများအနေဖြင့် အစဉ်အလာ ကြီးမားခဲ့သည့် အမိ တက္ကသိုလ်၏ တိုက်ပွဲသမိုင်း၌ မိမိတို့သွေးများဖြင့် မော်ကွန်းကမ္ဗည်းသစ် ရေးထိုးလိုက်ခြင်းလည်း ဖြစ်သည်။
၄။ တံတားနီနေ့ တိုက်ပွဲဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများကို ထိုက်ထိုက်တန်တန် အမှတ်ရရ ဂုဏ် ပြုရန်ဆိုလျှင် စစ်အာဏာရှင်စနစ်ဆိုးနှင့် ၎င်း၏ ဒေါက်တိုင်ဖြစ်သော ၂၀၀၈ ခြေ/ဥ တို့ကို အပြီးသတ် အမြစ်ဖြတ် သုတ်သင်ကြရမည် ဖြစ်သည်။ တဆက်တည်းမှာပင် လူမျိုးပေါင်းစုံဗမာပြည်သူတို့ လိုလားတောင့်တသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်ကြရမည် ဖြစ်သည်။
၅။ မိမိတို့ပါတီအနေဖြင့် အဆိုပါတာဝန်များ ပြည့်မြောက် အောင်မြင်သည်အထိ နွေဦးတော်လှန်ရေး တိုက်ပွဲဝင် အင် အားစုများနှင့်အတူ လူမျိုးစုံပြည်သူများနှင့်အတူ ကျရာတာဝန်ထမ်းလျက် လက်တွဲ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိပြုလျက် (၃၆) နှစ်မြောက် တံတားနီနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါ သည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ မတ်လ၊ ၁၆ ရက်။