ဒုတိယအကြိမ် မွန်ပြည်ဖက်ဒရယ်ကောင်စီ ညီလာခံသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ
၁။ မွန်အမျိုးသားပြည်သူတို့၏ မိမိတို့ကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ရေး၊ တန်းတူရေး၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတွင် အမျိုးသားဂုဏ်သိက္ခာအပြည့်ဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ် ပါဝင်နိုင်ရေးတို့ကို ဦးတည် ရှေ့ရှု လျက် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယအကြိမ်ညီလာခံ ကျင်းပနိုင်မှုအပေါ် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။
၂။ မွန်ပြည်ဖက်ဒရယ်ကောင်စီသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အပေါ် လေးစားတန်ဖိုးထား လျက် လူမျိုးပေါင်းစုံပြည်သူတို့၏ အခြား အခြားသော ဖက်ဒရယ်ယူနစ်အသီးသီးနှင့် အကျေအလည် အညီအညွတ် ညှိနှိုင်းပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးအတွက် အခြေခံအုတ်မြစ်ကောင်းများကို ဖော်ထုတ် ဖော်ဆောင်နိုင်လိမ့်မည်ဟုလည်း မိမိတို့ပါတီက ယုံကြည်မျှော်လင့်မိပါသည်။
၃။ အထူးအားဖြင့် ယခုကဲ့သို့ လူမျိုးပေါင်းစုံဗမာပြည်သူတရပ်လုံးက နွေဦးတော်လှန်ရေး လက်နက်ကိုင် ပြည်သူ့ စစ်ပွဲကြီး ဆင်နွှဲနေကြစဉ်ကာလ၌ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် တော်လှန်ရေးနှင့် တော်လှန်အင်အားစု အသီးသီး၏ အား ဖြစ်ရာ ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ အား ဖြစ်ရာ ဖြစ်ကြောင်း၊ အနာဂတ် ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စုကြီးအတွက် အား ဖြစ်ရာ ဖြစ်ကြောင်းတို့ကို ဆောင်ကျဉ်းပေးနိုင်လိမ့်မည်ဟူ၍ ယုံကြည် မျှော်လင့်လျက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၈ ရက်။