နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော ဗကသ ရဲဘော်အား ဂုဏ်ပြုပွဲသို့ ပေးပို့သည့် သဝဏ်လွှာ
၁။ (၁၆၊ ၃၊ ၂၀၂၄) နေ့သည် မဆလအရေခြုံ စစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်မှုကြောင့် ရန်ကုန်တက္ကသိုလ် – အင်း လျားကန်ဘောင်၌ ကျောင်းသူ ကျောင်းသားတို့၏ သွေးဖြင့် ချင်းချင်းနီခဲ့ရသော တံတားနီနေ့ (၃၆) နှစ်မြောက် နှစ်ပတ် လည်နေ့ ဖြစ်သည်။
၂။ သမိုင်းဝင် တံတားနီနေ့ ဖြစ်ရပ်သည် စစ်အာဏာရှင်စနစ်ဆိုး၏ ကြမ်းကြုတ်ရက်စက်မှုကို မျက်နှာဖုံးခွာချ မီး မောင်းထိုးပြခဲ့သလို ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများအနေဖြင့် အစဉ်အလာ ကြီးမားခဲ့သည့် အမိ တက္ကသိုလ်၏ တိုက်ပွဲသမိုင်း၌ မိမိတို့သွေးများဖြင့် မော်ကွန်းကမ္ဗည်းသစ် ရေးထိုးလိုက်ခြင်းလည်း ဖြစ်သည်။
၃။ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော ဗကသ ကျောင်းသားများအား အမှတ်တရ ဂုဏ်ပြုပွဲကို တံတားနီနေ့ တွင် ကျင်းပခြင်းသည် ၁၉၈၈ တိုက်ပွဲဝင် ကျောင်းသားရဲဘော်များနှင့် နွေဦးတော်လှန်ရေးတိုက်ပွဲဝင် ကျောင်းသားရဲ ဘော်များအတွက် ဆီလျော်သော ထိုက်တန်သော အမှတ်တရပြုမှု၊ ဂုဏ်ပြု မော်ကွန်းတင်မှုအဖြစ် မိမိတို့ပါတီက ရှုမြင် သုံးသပ်ပါသည်။
၄။ မိမိတို့ပါတီအနေဖြင့် တံတားနီနေ့ တိုက်ပွဲဝင် ကျောင်းသားရဲဘော်များနှင့် နွေဦးတော်လှန်ရေး တိုက်ပွဲဝင် ကျောင်း သားရဲဘော်များ၏ ဂုဏ်ရောင်ပြောင်သော အစဉ်အလာကို မမေ့မလျော့ အလေးအမြတ်ပြုလျက် ဗကသ ကျောင်း သားရဲဘော်များနှင့်အတူ၊ နွေဦးတော်လှန်ရေး တိုက်ပွဲဝင်အင်အားစုများနှင့်အတူ၊ လူမျိုးစုံပြည်သူများနှင့်အတူ နွေဦး တော်လှန်ရေး၏ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်သည်အထိ ကျရာတာဝန်ထမ်းရင်း လက်တွဲ တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း ကတိပြုလျက် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော ဗကသ ရဲဘော်အား ဂုဏ်ပြုပွဲသို့ သဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ မတ်လ၊ ၁၆ ရက်။