မြန်မာ့အမျိုးသမီးသမဂ္ဂ ( BWU )ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ( ၃၀ ) ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သသော သဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

မြန်မာ့အမျိုးသမီးးသမဂ္ဂ (BWU) ဖွဲ့စည်းတည်ထောင်ခြင်း နှစ် (၃ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

၁။ ယနေ့ (၇၊ ၁၊ ၂၀၂၅) တွင် မြန်မာ့အမျိုးသမီး၊သမဂ္ဂ (BWU) ဖွဲ့စည်းထည်ထောင်ခြင်း နှစ် (၃၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
၂။ ၁၉၈၈ လူထုအရေးတော်ပုံကြီး၏ အခန်းဆက်တာဝန်တရပ်အဖြစ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် စုစည်း တည်ထောင်ခဲ့ရာမှသည် မြန်မာနိုင်ငံ လက်တွေ့လိုအပ် ချက်အရ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများ ကာကွယ်မြှင့်တင်ရေး၊ အပြည့်အဝရရှိရေး တို့ကို စိုက်လိုက်မတ်တတ် ဆောင်ရွက်ခဲ့ကြသည့် BWU ခေါင်းဆောင်များ၊ အဖွဲ့ဝင်များအားလုံးကို လေးစား အသိ အမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်။
၂၀၂၁ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးမှသည် ယနေ့ နွေဦးတော်လှန်ရေး ပြည်သူ့ခုခံစစ် ကာလတိုင် လူမျိုးစုံ မြန်မာပြည်သူလူထုကြီးဘက်မှ BWU ၏ ရပ်တည် အားထုတ်ကြိုးပမ်းနေမှုကိုလည်း ဂုဏ်ယူ အသိအမှတ်ပြုအပ်ပါသည်။
၃။ ရှေ့ဆက်၍လည်း မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင် ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် မြန်မာ့အမျိုးသမီး၊သမဂ္ဂ (BWU) နှင့် မိတ်ဆွေ ကောင်းပီသစွာ လက်တွဲပူးပေါင်းလျက် လူမျိုးစုံ မြန်မာပြည်သူလူထုကြီးဘက်မှ ရပ်တည် တိုက်ပွဲဝင်သွားမည် ဖြစ်ပါ ကြောင်း ကတိပြုလျက် သဝဏ်လွှာပေးပို့ ဂုဏ်ပြုအပ်ပါသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဓွန့်ရှည်ပါစေ။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ၊ ၇ ရက်.

Tagged