အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြူသဝဏ်လွှာ

၁။ (၉၊ ၁၂၊ ၂၀၂၄) နေ့သည် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တည်ထောင်ခြင်း ၂၅ နှစ်ပြည့်သည့်နေ့ ဖြစ်သည်။
၂။ စတင် တည်ထောင်စဉ်ကတည်းက အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့် မိမိတို့ ပါတီအကြား မိတ်ဆွေရင်းချာ ဆက်ဆံရေးနှင့် လက်တွဲနိုင်ခဲ့သည့်အပြင် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကျား-မ တန်းတူရေး၊ တိုင်းရင်း သားအခွင့်အရေး တန်းတူရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ရဲဝံ့ ဂုဏ်ပြောင်စွာ အားစိုက်ခွန်စိုက် ကြိုးပမ်းခဲ့ကြ၊ ကြိုးပမ်းလျက် ရှိကြသော အဖွဲ့ဝင်တဦးချင်းတိုင်းကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
၃။ ဆက်လက်၍ နွေဦးတော်လှန်ရေး၏ နိုင်ငံရေးရည်မှန်းချက်များ ပြည့်စုံ ထမြောက်သည်အထိ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ မွန်မြတ်သော ဦးတည်ချက်များ အောင်မြင်ပြည့်ဝသည်အထိ မိမိတို့ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီက ခိုင်ကျည်သော မိတ်ဆွေဆက်ဆံရေးကို ထိန်းသိမ်း တိုးချဲ့လျက် အတူတကွ လက်တွဲ ကြိုးပမ်း သွားမည်ဟု ကတိဓိဋ္ဌာန်ပြုရင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဒီဇင်္ဘာလ၊ (၉) ရက်