၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
၁။ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ကရင့်တော်လှန်ရေးရဲဘော်များ သူရဲကောင်းပီသ စွာ ကျဆုံးခဲ့ကြသည်မှာ ယနေ့ ( ၁၂၊ ၈၊ ၂၀၂၄ ) ရက်နေ့တွင် ၇၄ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။
၂။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝ ရရှိရေး၊ မိမိတို့အမျိုးသားထု၏ကံကြမ္မာ မိမိတို့လက်ထဲတွင် ထားရှိနိုင်ရေးအတွက် ကရင့်အမျိုးသားထု တရပ်လုံးကို ဦးဆောင်ကာ ခုခံတော်လှန်စစ် ဆင်နွှဲရင်း အသက်စွန့်လွှတ် ပေးဆပ်ခဲ့ကြသည့် ဥက္ကဋ္ဌ စောဘဦး ကြီးနှင့်တကွ ကရင့်အမျိုးသားအာဇာနည်အပေါင်းတို့အား မိမိတို့ပါတီမှ အလေးအမြတ် ဦးညွှတ် အလေးပြု အပ်ပါသည်။
၃။ ကရင်အမျိုးသားထုတရပ်လုံးသည် စောဘဦးကြီး၏ မူ ၄ ရပ်ကို ကိုင်စွဲလျက် မျိုးဆက်တဆက်ပြီးတဆက် တော်လှန်စစ်ကို ဆက်လက် ဆင်နွှဲခဲ့ကြသည်။ အာဏာရှင်အဆက်ဆက်ကို ခုခံ တော်လှန်ခဲ့ကြသည်။ လက်ရှိ ကာလသည် ကရင်အမျိုးသားများအပါအဝင် အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီး၏ ခုခံတော်လှန်စစ် များ ဒီရေမြင့်သစ်တခုကို ရောက်ရှိနေသည့်ကာလ ဖြစ်သည်ဟု မိမိတို့ပါတီက ရှုမြင်ပါသည်။
၄။ ဥက္ကဋ္ဌ စောဘဦးကြီး မျှော်မှန်းခဲ့သည့် မိမိကံကြမ္မာ မိမိလက်ထဲတွင် အပြည့်အဝရရှိသည့် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုကြီး အခိုင်အမာတည်ဆောက်နိုင်သည်အထိ မိမိတို့ပါတီအနေဖြင့် ကရင်အမျိုးသားထုကြီး နှင့်အတူ၊ ကရင်အမျိုးသားအစည်းအရုံးကြီးနှင့်အတူ လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက် တည်ကြည်စွာ ကတိသစ္စာပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂ဝ၂၄ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။