လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ

နိုဝင်ဘာ ၂၊ ၂၀၁၉။ ရန်ကုန်။ SocDemAsia ၏ စီစဉ်မှုဖြင့် လူမှုဖူလုံရေးစနစ် (ကျန်းမာရေးမူဝါဒ) ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်း၍ နိုဝင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်းရရှိနိုင်သည့် လူမှုဖူလုံရေးစနစ်တရပ်တွင် ထည့်သွင်းရေးဆွဲသင့်သည့် အချက်အလက်များ၊ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

CJ Feed Myanmar စက်ရုံအလုပ်သမားသပိတ်သို့ သွားရောက် အားပေးဝန်းရံ

နိုဝင်ဘာ ၂၊ ၂၀၁၉။ မှော်ဘီ။ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုံ၊ ဖရဲခင်းလမ်းပေါ်ရှိ CJ Feed Myanmar တိရိစ္ဆာန်စာစက်ရုံအလုပ်သမားများက တောင်းဆိုချက် (၉)ချက်ကို တောင်းဆိုလျက် ၂၉၊ ၁၀၊ ၂၀၁၉ ရက်နေ့က စတင်၍ သပိတ်မှောက်ခဲ့ကြပါသည်။ စက်ရုံမှာ အလုပ်သမား ၁၀ဝ ကျော်ဖြင့် လည်ပတ်လျက်ရှိသည့် တောင်ကိုရီးယားအမျိုးသားပိုင်စက်ရုံဖြစ်ပြီး စက်ရုံသက်တမ်းမှာ ၁ နှစ်နှင့် ၃ လရှိပြီဟု သိရပါသည်။ ယခုအလုပ်အဖြုတ်ခံရသော အမျိုးသမီးလုပ်သား ၂ ဦးအပါအဝင် အလုပ်သမားသမား ၂၆ ဦးအနက် အများစုမှာ စက်ရုံတည်စကတည်းက ရက်ပျက်မရှိ လုပ်ကိုင်ခဲ့ကြသည့် အလုပ်သမားများဖြစ်ပြီး အနိမ့်ဆုံးလုပ်သက်ရှိသူသည်ပင်လျင် လုပ်သက် ၁၀ လ ကျော်ဟု သိရပါသည်။ အခြေခံအလုပ်သမားအခွင့်အရေးများ ရလိုမှုနှင့်ပတ်သက်၍ တင်ပြမေးမြန်းသည်ကို အကြောင်းပြု၍ ခေါ်ယူဆွေးနွေးခြင်း […]

Continue Reading

အလုပ်သမားရေးရာကော်မတီ(ရန်ကုန်တိုင်း) အစည်းအဝေး

အောက်တိုဘာ ၃၀၊ ၂၀၁၉။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီ ရန်ကုန်တိုင်းအလုပ်အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၃၀ ရက် နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီအထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက အလုပ်သမားလူတန်းစားအပေါ် ပါတီ၏ အလေးအနက်ထားရှိမှု၊ အလုပ်သမားထု၏ လက်ရှိအခြေအနေများနှင့် အစည်းအဝေးခေါ်ယူရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဦးငွေလင်းက အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုများနှင့် ကော်မတီက ဆက်စပ်ဆောင်ရွက်ထားသည်များကို မိတ်ဆက်ရှင်းပြခဲ့ပါသည်။ အလုပ်အဖွဲ့ဝင်များကလည်း ဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် အခက်အခဲများကို တင်ပြပြီး အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ကော်မတီအနေဖြင့် အလုပ်သမားအရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုပြီးနောက် တာဝန်ခွဲဝေခဲ့ကြပါသည်။

Continue Reading

စကော့တလန်လွှတ်တော်အမတ်ဟောင်းနှင့် တွေ့ဆုံဆွေးနွေး

၂၀၁၉၊ အောက်တိုဘာ ၂၄။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် လူငယ်ခေါင်းဆောင်များသည် အောက်တိုဘာ ၂၄ ရက်နေ့လည်ပိုင်းတွင် Margaret Curran (စကော့တလန်လွှတ်တော်အမတ်ဟောင်း)နှင့် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာ၌ ယခင်ရွေးကောက်ပွဲအတွေ့အကြုံများ၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် အလားအလာအခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန်အတွက် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

မန္တလေးတွင် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ပြုလုပ်

၂၀၁၉၊ အောက်တိုဘာ ၂၁ – ၂၂ ။ မန္တလေး။ ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ – ၂၂ ရက်နေ့တို့တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ မန္တလေး၊ တံတားဦး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ ပုသိမ်ကြီး အစရှိသည့်မြို့နယ်များမှ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ ဗကသများ၊ DPNS ပါတီဝင်များ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပါသည်။ ပထမနေ့တွင် ပြည်သူလူထုအတွင်း ဖက်ဒရယ်အသိအမြင်များ ပြန့်ပွါးစေရန် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း DPNS မန္တလေးတိုင်းကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် FTT ဆရာများက ဖက်ဒရယ်စနစ်၏ အခြေခံများ၊ ဖက်ဒရယ်စနစ်နှင့် အခြေခံဥပဒေ၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ […]

Continue Reading

“အမျိုးသမီးများနှင့် ရွေးကောက်ပွဲနိုင်ငံရေး” မြန်မာ့နွေဦးစကားဝိုင်း

၂၀၁၉၊ အောက်တိုဘာ ၂၀။ရန်ကုန်။ ===================================== “အမျိုးသမီးများနှင့် ရွေးကောက်ပွဲနိုင်ငံရေး” ခေါင်းစဉ်ဖြင့် ပြုလုပ်သော မြန်မာ့နွေဦးစကားဝိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် အမျိုးသမီးများ ရွေးကောက်ပွဲတွင် ပါဝင်လာနိုင်ရေးအတွက် ယာယီ အထူးလုပ်ဆောင်မှု affirmative action ကို လုပ်ဆောင်ဖို့ အရေးကြီးကြောင်း၊ မူဝါဒများသည် စာရွက်ပေါ်မှာ ရှိရုံသာမကဘဲ အမှန်တကယ် အလုပ်လုပ်နိုင်ရန် gender budgeting အရေးကြီးကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် ရိုးရာဓလေ့ထုံးတမ်းများကို ကျော်၍မရသေးဘဲ ပဒေသရာဇ်လူ့အဖွဲ့အစည်း ဖြစ်နေဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီဝန်းကျင် ခိုင်မာရမည့်အစား နေရာတကာတွင် စစ်ဝါဒ လွှမ်းမိုးနေကြောင်း၊ စစ်ဝါဒသည် မဟာဖိုဝါဒ၏ အဓိကလက္ခဏာဖြစ်ကြောင်း၊ စစ်ဝါဒကိုဖယ်ရှားပြီး ဒီမိုကရေစီဝန်းကျင်ကိုဖော်ဆောင်ရမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

Continue Reading

သဟဇာတဖြစ်မှုနှင့် လူတိုင်းအကျုံးဝင်မှု Peace Forum တက်ရောက်

၂၀၁၉၊ အောက်တိုဘာ၊ ၁၉။ မန္တလေး။ I School Myanmar က စီစဉ်ကျင်းပသည့် “သဟဇာတဖြစ်မှုနှင့် လူတိုင်းအကျုံးဝင်မှု” Peace Forum ကို၂၀၁၉ အောက်တိုဘာ ၁၉ ရက်နေ့တွင် မန္တလေးမြို့ အောင်မြင်ခြင်းဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းဆွေးနွေးပွဲတွင် DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး လည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာ၌ ဒီမိုကရေစီစံနှုန်း ၃ ခုဖြစ်သည့် လွတ်လပ်ခြင်း၊ တန်းတူခြင်းနှင့် သွေးစည်းချစ်ကြည်ခြင်းတို့ကို မဖော်ဆောင်နိုင်သည့်အတွက် ငြိမ်းချမ်းရေးမရရှိနိုင်သေးသည့်အခြေအနေနှင့် အမျိုးသမီးများ၊ လူငယ်များ နိုင်ငံရေးတွင် ပိုမိုပါဝင်လာစေရေးအပေါ် ပါတီ၏အလေးထားမှုကို တင်ပြဆွေးနွေးခဲ့ပါသည်။ နိုင်ငံရေးပါတီဝင်များ၊ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ LGBT အဖွဲ့များ၊ မီဒီယာများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

Continue Reading

ဥပဒေပြုဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

၂၀၁၉ အောက်တိုဘာ ၁၉။ တောင်ငူ။ YSPS က စီစဉ်ကျင်းပသည့် “ဥပဒေပြုဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း” အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ အောက်တိုဘာ ၁၉ ရက်နေ့တွင် တောင်ငူမြို့ Royal Kaytumady ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြရာ DPNS ဗဟိုကော်မတီဝင်များ၊ ပဲခူးတိုင်းရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ယင်းမာပင်မြို့နယ်တွင် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ပြုလုပ်

၂၀၁၉၊ အောက်တိုဘာ ၁၈-၁၉။ ယင်းမာပင်။ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာ၊ ကမ္ဘာအေးငြိမ်းချမ်းသာကျောင်းတိုက်တွင် ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲကို အောက်တိုဘာ ၁၈ နှင့် ၁၉ နှစ်ရက်တာ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ တက်ကြွလှုပ်ရှားသူများ၊ ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသ တက်ကြွလှုပ်ရှားသူများ၊ မုံရွာမြို့ခံ နိုင်ငံရေးသမားများ၊ ကျောင်းသူကျောင်းသားများ၊ DPNS ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ခေတ်အဆက်ဆက် အစိုးရများက ဖက်ဒရယ်ကို ခွဲထွက်ရေးစနစ်အဖြစ် အသိအမြင်မှားများ သွတ်သွင်းခဲ့သဖြင့် ပြည်သူများအကြားတွင် မှန်ကန်သောအတွေးအမြင်များ ပေါ်ထွန်းစေရန် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း DPNS အထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် FTT ဆရာများက ဖက်ဒရယ်စနစ်၏ အခြေခံများ၊ ဖက်ဒရယ်စနစ်နှင့် အခြေခံဥပဒေ၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ လူနည်းစုအခွင့်အရေးများကို […]

Continue Reading

ဂုဏ်သိက္ခာရှိတဲ့နိုင်ငံဖြစ်ဖို့ အကျပ်အတည်းတွေကို စုစုစည်းစည်းကျော်ဖို့လို (7 Day TV)

အောက်တိုဘာ-၁၄၊ ၂၀၁၉ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဒီမိုကရေစီရေးလိုလားသူတွေ စုစုစည်းစည်းကျော်နိုင်မှ နိုင်ငံအနေနဲ့ ဂုဏ်သိက္ခာရှိရှိ ဆက်ရပ်တည်နိုင်မယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။ဒီနေ့ကျရောက်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ၃၁နှစ်ပြည့်အခမ်းအနားမှာ ပြောခဲ့တာပါ။လက်ရှိမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု ရပ်တန့်နေတာ၊ ဒီမိုကရေစီဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်လာနေတာ၊ နိုင်ငံသားအခြေခံအခွင့်အရေးတွေ ဆုံးရှုံးပြီး ဘဝလုံခြုံမှုခြိမ်းခြောက်ခံနေရတာတွေကို ကြုံတွေ့နေရတယ်လို့လည်း ပါတီက သဘောထားကြေညာချက် ထုတ်ပြန်ထားတာပါ၊ဒီအထွေထွေအကျပ်အတည်းတွေက လူထုရွေးချယ်ခံအစိုးရလက်ထက်မှာ အရင်အစိုးရများနဲ့မခြား ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ၃၁နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် လက်ရှိမြန်မာ့နိုင်ငံရေးအခြေနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံရေးစကားဝိုင်းကိုလည်းပြုလုပ်ခဲ့ပါတယ်။ပါတီနှစ်ပတ်လည်နေ့ကိုတော့ နိုင်ငံရေးပါတီတွေနဲ့ ၊ လူ့ဘောင်သစ်ပါတီဝင်တွေ တက်ရောက်ခဲ့ကြတာပါ။

Continue Reading