ဖက်ဒရယ်ဆွေးနွေးပွဲ မြောင်းမြတွင် ပြုလုပ်

၂၀၁၉၊ နိုဝင်ဘာ ၁၅-၁၆။ မြောင်းမြ။ မြောင်းမြမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲကို မြောင်းမြလူငယ်ကွန်ရက်ရုံးခန်း၌ နိုဝင်ဘာ ၁၅ နှင့် ၁၆ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဖက်ဒရယ်ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် ဖက်ဒရယ်သင်တန်းဆရာများက ဖက်ဒရယ်ဆိုင်ရာသဘောတရားများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီဝင်များ၊ ဖက်ဒရယ်အရေးစိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

Continue Reading

လပွတ္တာတွင် ဖက်ဒရယ်ဆွေးနွေးပွဲ ပြုလုပ်

၂၀၁၉၊ နိုဝင်ဘာ ၁၃-၁၄။ လပွတ္တာ။ လပွတ္တာမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲကို လပွတ္တာမြို့နယ်၌ နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအဖွင့်စကားကို DPNS လပွတ္တာမြို့နယ်ကိုယ်စား ဦးအောင်မိုးဝင်းက ပြောကြားခဲ့ပြီးနောက် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လက်ရှိနိင်ငံရေးအခြေအနေ အခင်းအကျင်းကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက ပြောကြားခဲ့ပါသည်။ထို့နောက် ဖက်ဒရယ်သင်တန်းဆရာများက ဖက်ဒရယ်ဆိုင်ရာသဘောတရားများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီဝင်များ ဖက်ဒရယ်အရေး စိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၃ နှင့် ၁၄ နှစ်ရက်တာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။

Continue Reading

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး

၁၄၊ နိုဝင်ဘာ၊ ၂၀၁၉။ UEC ရုံး၊ နေပြည်တော်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉၊ နိုဝင်ဘာလလ၊ ၁၄ ရက်နေ့ နံနက် ၉းဝ၀ နာရီမှ နေ့လည် ၁းဝ၀ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ နိုင်ငံရေးပါတီပေါင်း ၇၇ ပါတီ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ UEC ဥက္ကဋ္ဌနှင့် ကော်မရှင်တာဝန်ရှိသူများက လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ၎င်းအစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။ ဒေါ်နှင်းနှင်းမွှေးက တင်ပြရာတွင် ရွေးကောက်ပွဲတွင် ပါတီများလိုက်နာသင့်သည့် ကျင့်ဝတ်များဆိုင်ရာ ဆွေးနွေးပွဲများသည် ပါတီအားလုံးကို ကိုယ်စားပြုနိုင်သည့်ဆွေးနွေးပွဲများ ဖြစ်ရမည်ဖြစ်ကြောင်း၊ […]

Continue Reading

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ

နိုဝင်ဘာ ၉၊ ၂၀၁၉။ ချောင်းသာ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီမိတ်ဆက်ဆွေးနွေးပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ချောင်းသာမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်း၊ ပါတီဗဟိုကော်မတီဝင် ဦးမောင်မောင်ကြီး၊ လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုထက်နိုင်လင်း၊ မဇင်မာအေးတို့က ပါတီဖြတ်သန်းမှုသမိုင်း၊ လူငယ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ DPNS ချောင်းသာမြို့ပါတီဝင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ်

၂၀၁၉၊ နိုဝင်ဘာ ၈-၉။ ချောင်းသာ။ ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲကို နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ချောင်းသာမြို့၌ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ချောင်းသာမြို့မှ ဖက်ဒရယ်အရေး စိတ်ပါဝင်စားသူများ၊ DPNS ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် FTT ဆရာများက ဖက်ဒရယ်စနစ်၏ အခြေခံများ၊ ဖက်ဒရယ်စနစ်နှင့် အခြေခံဥပဒေ၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ လူနည်းစုအခွင့်အရေးများကို ကာကွယ်ခြင်း၊ လုပ်ပိုင်ခွင့်အာဏာများခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၊ ဖက်ဒရယ်စနစ်တွင် ဘဏ္ဍာငွေကြေး ခွဲဝေမှုခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။

Continue Reading

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

နိုဝင်ဘာ ၆ မှ ၈၊ ၂၀၁၉။ရန်ကုန်။ DIPD ၏ စီစဉ်မှုဖြင့် ရှေ့သို့မြန်မာနှင့် မြန်မာ့ပဉ္စမ မဏ္ဍိုင်တို့ ပူးပေါင်းပြုလုပ်သည့် “နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ရန်ကုန်မြို့ Sule Shangrila ဟိုတယ်၌ နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့ပါသည်။ နိုင်ငံရေးပါတီများမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူများ၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒေါ်နှင်းနှင်းမွှေး နှင့် လူထုဆက်ဆံရေးအဖွဲ့တာဝန်ခံ ကိုသူအောင်တို့လည်း တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ဖေ့စ်ဘွတ်ခ်၏ ကိုယ်စားလှယ်အဖွဲ့လည်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ပြီး လူမှုကွန်ရက်တွင် ထိရောက်သော မဲဆွယ်စည်းရုံးရေးများ လုပ်ဆောင်နိုင်ရန် နည်းလမ်းများနှင့် အမုန်းစကားနှင့် သတင်းအမှားတို့ကို ရင်ဆိုင်တွန်းလှန်ရန် လိုအပ်သည့် နည်းနာများကို […]

Continue Reading

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ

နိုဝင်ဘာ ၇၊ ၂၀၁၉။ အင်္ဂပူ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အင်္ဂပူမြို့နယ်ဒေသခံလူထုတွေ့ဆုံပွဲကို အင်္ဂပူမြို့နယ်၊ ချင်းကုန်းကျေးရွာ၌ နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အဖွင့်အမှာစကားကို အင်္ဂပူမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဖြတ်သန်းမှုသမိုင်းကြောင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတို့ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစောအောင်တို့ကလည်းကောင်း လူငယ်နှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍကို လူ့ဘောင်သစ်လူငယ်ဗဟိုလုပ်ငန်းကော်မတီဝင် မအေးမြတ်သန္တာနှင့် ကိုထက်နိုင်လင်းတို့ကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။နေ့လည်ပိုင်းတွင် ဒေသဆိုင်ရာအခြေအနေများနှင့် နိုင်ငံ၏ ပကတိအခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသသည်။ ထို့နောက် အင်္ဂပူမြို့နယ်ကော်မတီအတွင်းရေးမှူး ဦးဇော်မင်းက တက်ရောက်လာသည့် ပါတီဝင်များ၊ ဒေသခံပြည်သူများအား ကျေးဇူးတင်စကား ပြောကြားပြီးနောက် တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ပါသည်။

Continue Reading

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်

နိုဝင်ဘာ ၇ ၂၀၁၉။ ဘားအံ ၂၀၁၉ နိုဝင်ဘာ ၇ ရက်နေ့တွင် ဘားအံမြို့ ကရင်ပြည်နယ်အစိုးရရုံးမြက်ခင်းပြင်၌ ၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကျင်းပခဲ့ရာ နိုင်ငံရေးပါတီခေါင်းဆောင်များ လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့တာဝန်ရှိသူများ ဌာနဆိုင်ရာဝန်ထမ်းများ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ဥက္ကဋ္ဌ ဦးကျော်ခင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ

နိုဝင်ဘာ ၅၊ ၂၀၁၉။ ရန်ကုန်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က စီစဉ်ပြုလုပ်သော လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ PARKROYAL ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်သူငြိမ်း(ISP-Myanmar)၊ ဦးဘိုကြည်(AAPP)၊ ဒေါက်တာစစ်နိုင်(Marie Stopes International)နှင့် ဒေါက်တာဆုမွန်သဇင်အောင်(ISP- Myanmar)တို့က လူမှုတရားမျှတမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များက ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသီဟနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ယခု ဆွေးနွေးပွဲမှရရှိချက်များကို အခြေခံ၍ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများအား ဖိတ်ကြား၍ နေပြည်တော်၌ ဆွေးနွေးပွဲတရပ် ပြုလုပ်သွားရန် […]

Continue Reading

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ်

နိုဝင်ဘာ ၄၊ ၂၀၁၉။ တောင်ကြီး။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ ပူးပေါင်းစီစဉ်သည့် လူမှုဖူလုံရေး မူဝါဒဖော်ဆောင်ရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံနှင့် SNLD ခေါင်းဆောင်များ၊ ရှမ်းပြည်နယ်အခြေစိုက် လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်း နှစ်ဆယ်ခန့်မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များကလည်း ဒိန်းမတ်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာအခြေအနေများနှင့် အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပြီး လူမှုဖူလုံရေးမူဝါဒတရပ်ပေါ်ပေါက်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြပါသည်။

Continue Reading