ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
By Shwe Yee, on October 17th, 2019
၂၀၁၉ အောက်တိုဘာ ၁၇။ ဆားလင်းကြီး။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးသည် အောက်တိုဘာ ၁၇ ရက်နေ့လည်ပိုင်းတွင် ဆားလင်းကြီးမြို့နယ် ကံကုန်းရွာတွင် DPNS အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ ဒေသခံအမျိုးသမီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပါတီခေါင်းဆောင်မှုအဆင့်ဆင့်နှင့် နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေးအပေါ် ပါတီ၏သဘောထားနှင့် အလေးအနက်ထားမှုကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဝါးစိမ်းတောင်အရေးအပါအဝင် ဒေသအခြေအနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
By Shwe Yee, on October 15th, 2019
၂၀၁၉ အောက်တိုဘာ ၁၅။ ပါတီဌာနချုပ်ရုံး ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို ၂၀၁၉ အောက်တိုဘာ ၁၅ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဆောင်ရွက်ထားရှိပြီးသည့် လုပ်ငန်းအခြေအနေများ၊ ဆွေးနွေးပွဲများ၊ စည်းရုံးရေးအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လူထုအခြေပြုလုပ်ငန်းများ၊ လူထုဆက်ဆံရေးလုပ်ငန်းများကို အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
By Shwe Yee, on October 15th, 2019
“ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နေရာ ၅ဝ
လောက်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။
ရွေးကောက်ပွဲမဲထည့်ကြမယ့် ပြည်သူတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ရော
ပါတီကိုပါကြည့်ပြီး ဒီနှစ်ခုအပေါ် သေချာချိန်ဆကာ မဲထည့်ဖို့လိုတယ်လို့
ထင်ပါတယ်..”
By Shwe Yee, on October 15th, 2019
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ
ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊
တိုင်းရင်းသားတန်းတူအခွင့်အရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေးဆိုတဲ့ မူဝါဒတွေကနေ ပြောင်းလဲ သွေဖီသွားခြင်း မရှိသေးဘူးလို့ ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
By Shwe Yee, on October 14th, 2019
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့
လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့
ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
(DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊
ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့
ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ
ပြောကြားခဲ့တာဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်
By Shwe Yee, on October 14th, 2019
၂၀၁၉ အောက်တိုဘာ ၁၄။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း ၃၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် နိုင်ငံရေးစကားဝိုင်းကို အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက အဖွင့်စကားပြောကြားခဲ့ပြီး ဦးစိုးနိုင်(ကယန်းပြည်သစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးမျိုးကျော်(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)တို့က အမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် “မြန်မာ့နိုင်ငံရေးနှင့် ကုလသမဂ္ဂ”ခေါင်းစဉ်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာရန်မျိုးသိမ်း၊ မခင်စန္ဒာထွန်း၊ ဦးရဲမျိုးဟိန်း၊ ဦးအောင်မိုးဇော်တို့က မြန်မာနိုင်ငံတွင် ဖြစ်ပွါးနေသည့် ပဋိပက္ခများ၊ စိန်ခေါ်မှုများ၊ ကမ္ဘာ့နိုင်ငံကြီးများကြား အင်အားပြိုင်ဆိုင်မှု၊ အခွင့်အလမ်းများနှင့် ထောင်ချောက်များ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ၏ လက်ရှိဆက်ဆံရေးအခြေအနေ၊ မြန်မာ့နိုင်ငံခြားရေးမူဝါဒကို လူသားဝါဒပေါ်အခြေခံစဉ်းစားသင့်ကြောင်း စသည်တို့ကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ မိတ်ဖက်နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ စိတ်ပါဝင်စားသူများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။
By Shwe Yee, on October 14th, 2019
By Shwe Yee, on October 10th, 2019
၂၀၁၉၊ အောက်တိုဘာ ၁၀။ အင်္ဂပူ။ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရပ်ကျေးရုံးဖွင့်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ရုံးဖွင့်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစောအောင်နှင့် ပါတီဗဟိုကော်မတီဝင် ဦးမောင်မောင်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
By Shwe Yee, on October 8th, 2019
၂၀၁၉၊ အောက်တိုဘာ၊ ၈။ ချောင်းသာ။ ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့၊ အုပ်စု(၂) တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲကို ၂၀၁၉၊ အောက်တိုဘာ၊ ၈ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ချောင်းသာပါတီကော်မတီဝင်များ။ ပါတီရဲဘော်များနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစောအောင်၊ ဗဟိုကော်မတီဝင် ဦးမောင်မောင်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။
By Shwe Yee, on October 7th, 2019
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ဖယ်ဒရယ်သင်တန်းအဖွဲ့ (FTT)တို့
ဦးဆောင်ပြီး ဖယ်ဒရယ်စနစ်အခြေခံ သဘောတရားကို မကွေးတိုင်း၊ မင်းဘူးမြို့၊
သုခမိန်ခန်းမမှာ အောက်တိုဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်
အခုဆွေးနွေးပွဲမှာ ဖက်ဒရယ်စနစ်နဲ့သက်ဆိုင်တဲ့ ကဏ္ဍအသီးသီးကို
ဆွေးနွေးခဲ့ကြပြီး ဖယ်ဒရယ်နဲ့ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို
နားလည်ဖို့လိုအပ်ကာ နားလည်လာရင် ပြည်ထောင်စုဖွဲ့စည်းရေးအတွက်
ပိုအားဖြစ်လာစေဖို့ ရည်ရွယ်ဆွေးနွေးတာဖြစ်တယ်လို့
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းက
ပြောပါတယ်။ မေတ္တာစိတ်ရင်းစိတ်ဓာတ်နဲ့ အခြေခံပြီး
ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ အခုဆွေးနွေးပွဲကနေ ရရှိခဲ့တယ်လို့လည်း
ဆွေးနွေးပွဲတက်ရောက်သူတစ်ဦးက ဆိုပါတယ်။ အခုဆွေးနွေးပွဲကို တောင်တွင်းကြီး၊
မကွေး၊ မင်းဘူး၊ မင်းလှ၊ ပွင့်ဖြူ၊ ငဖဲ မြို့နယ်တွေက
နိုင်ငံရေးစိတ်ပါဝင်စားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီဝင်တွေ
အင်အား (၇၀)ကျော်လောက် တက်ရောက်ပြီးတော့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။