ဂုဏ်သိက္ခာရှိတဲ့နိုင်ငံဖြစ်ဖို့ အကျပ်အတည်းတွေကို စုစုစည်းစည်းကျော်ဖို့လို (7 Day TV)

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

အောက်တိုဘာ-၁၄၊ ၂၀၁၉

လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဒီမိုကရေစီရေးလိုလားသူတွေ စုစုစည်းစည်းကျော်နိုင်မှ နိုင်ငံအနေနဲ့ ဂုဏ်သိက္ခာရှိရှိ ဆက်ရပ်တည်နိုင်မယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။
ဒီနေ့ကျရောက်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ၃၁နှစ်ပြည့်အခမ်းအနားမှာ ပြောခဲ့တာပါ။
လက်ရှိမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု ရပ်တန့်နေတာ၊ ဒီမိုကရေစီဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်လာနေတာ၊ နိုင်ငံသားအခြေခံအခွင့်အရေးတွေ ဆုံးရှုံးပြီး ဘဝလုံခြုံမှုခြိမ်းခြောက်ခံနေရတာတွေကို ကြုံတွေ့နေရတယ်လို့လည်း ပါတီက သဘောထားကြေညာချက် ထုတ်ပြန်ထားတာပါ၊
ဒီအထွေထွေအကျပ်အတည်းတွေက လူထုရွေးချယ်ခံအစိုးရလက်ထက်မှာ အရင်အစိုးရများနဲ့မခြား ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ၃၁နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် လက်ရှိမြန်မာ့နိုင်ငံရေးအခြေနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံရေးစကားဝိုင်းကိုလည်းပြုလုပ်ခဲ့ပါတယ်။
ပါတီနှစ်ပတ်လည်နေ့ကိုတော့ နိုင်ငံရေးပါတီတွေနဲ့ ၊ လူ့ဘောင်သစ်ပါတီဝင်တွေ တက်ရောက်ခဲ့ကြတာပါ။