သဟဇာတဖြစ်မှုနှင့် လူတိုင်းအကျုံးဝင်မှု Peace Forum တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ အောက်တိုဘာ၊ ၁၉။ မန္တလေး။

I School Myanmar က စီစဉ်ကျင်းပသည့် “သဟဇာတဖြစ်မှုနှင့် လူတိုင်းအကျုံးဝင်မှု” Peace Forum ကို
၂၀၁၉ အောက်တိုဘာ ၁၉ ရက်နေ့တွင် မန္တလေးမြို့ အောင်မြင်ခြင်းဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းဆွေးနွေးပွဲတွင် DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး လည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာ၌ ဒီမိုကရေစီစံနှုန်း ၃ ခုဖြစ်သည့် လွတ်လပ်ခြင်း၊ တန်းတူခြင်းနှင့် သွေးစည်းချစ်ကြည်ခြင်းတို့ကို မဖော်ဆောင်နိုင်သည့်အတွက် ငြိမ်းချမ်းရေးမရရှိနိုင်သေးသည့်အခြေအနေနှင့် အမျိုးသမီးများ၊ လူငယ်များ နိုင်ငံရေးတွင် ပိုမိုပါဝင်လာစေရေးအပေါ် ပါတီ၏အလေးထားမှုကို တင်ပြဆွေးနွေးခဲ့ပါသည်။ နိုင်ငံရေးပါတီဝင်များ၊ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ LGBT အဖွဲ့များ၊ မီဒီယာများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”704″ display=”basic_thumbnail”]