ယင်းမာပင်မြို့နယ်တွင် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ အောက်တိုဘာ ၁၈-၁၉။ ယင်းမာပင်။

ယင်းမာပင်မြို့နယ်၊ သပြေအေးရွာ၊ ကမ္ဘာအေးငြိမ်းချမ်းသာကျောင်းတိုက်တွင် ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲကို အောက်တိုဘာ ၁၈ နှင့် ၁၉ နှစ်ရက်တာ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ တက်ကြွလှုပ်ရှားသူများ၊ ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသ တက်ကြွလှုပ်ရှားသူများ၊ မုံရွာမြို့ခံ နိုင်ငံရေးသမားများ၊ ကျောင်းသူကျောင်းသားများ၊ DPNS ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ခေတ်အဆက်ဆက် အစိုးရများက ဖက်ဒရယ်ကို ခွဲထွက်ရေးစနစ်အဖြစ် အသိအမြင်မှားများ သွတ်သွင်းခဲ့သဖြင့် ပြည်သူများအကြားတွင် မှန်ကန်သောအတွေးအမြင်များ ပေါ်ထွန်းစေရန် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း DPNS အထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် FTT ဆရာများက ဖက်ဒရယ်စနစ်၏ အခြေခံများ၊ ဖက်ဒရယ်စနစ်နှင့် အခြေခံဥပဒေ၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ လူနည်းစုအခွင့်အရေးများကို ကာကွယ်ခြင်း၊ လုပ်ပိုင်ခွင့်အာဏာများခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၊ ဖက်ဒရယ်စနစ်တွင် ဘဏ္ဍာငွေကြေး ခွဲဝေမှုခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”703″ display=”basic_thumbnail”]