DPNS ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် နိုင်ငံရေးစကားဝိုင်းပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉ အောက်တိုဘာ ၁၄။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း ၃၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် နိုင်ငံရေးစကားဝိုင်းကို အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက အဖွင့်စကားပြောကြားခဲ့ပြီး ဦးစိုးနိုင်(ကယန်းပြည်သစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးမျိုးကျော်(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)တို့က အမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် “မြန်မာ့နိုင်ငံရေးနှင့် ကုလသမဂ္ဂ”ခေါင်းစဉ်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲကိ်ု ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာရန်မျိုးသိမ်း၊ မခင်စန္ဒာထွန်း၊ ဦးရဲမျိုးဟိန်း၊ ဦးအောင်မိုးဇော်တို့က မြန်မာနိုင်ငံတွင် ဖြစ်ပွါးနေသည့် ပဋိပက္ခများ၊ စိန်ခေါ်မှုများ၊ ကမ္ဘာ့နိုင်ငံကြီးများကြား အင်အားပြိုင်ဆိုင်မှု၊ အခွင့်အလမ်းများနှင့် ထောင်ချောက်များ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ၏ လက်ရှိဆက်ဆံရေးအခြေအနေ၊ မြန်မာ့နိုင်ငံခြားရေးမူဝါဒကို လူသားဝါဒပေါ်အခြေခံစဉ်းစားသင့်ကြောင်း စသည်တို့ကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ မိတ်ဖက်နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ စိတ်ပါဝင်စားသူများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”700″ display=”basic_thumbnail”]