လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ အောက်တိုဘာ ၆။ မင်းဘူး။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် ဆွေးနွေးပွဲကို ၂၀၁၉၊ အောက်တိုဘာ ၆ ရက်နေ့တွင် မင်းဘူးမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လူငယ်မိတ်ဆက်ကို လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ မအိသဉ္ဇာမောင်၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ရေရှည်ရည်မှန်းချက် ၅ ရပ်ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ပါတီ၏ အခန်းကဏ္ဍကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ မကွေး၊ မင်းဘူး၊ ငဖဲ၊ ပွင့်ဖြူမြို့နယ်တို့မှ ပါတီမိတ်ဆွေများ၊ DPNS ပါတီရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”693″ display=”basic_thumbnail”]