ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ အောက်တိုဘာ ၅ – ၆ ။ မင်းဘူး။

မင်းဘူးမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ၂၀၁၉၊ အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် မင်းဘူးမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားများ၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူနည်းစုများ၏ အခွင့်အရေးများ၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၊ ဘဏ္ဍာငွေကြေးခွဲဝေသုံးစွဲခြင်းအစီအမံများ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ မကွေး၊ မင်းဘူး၊ ငဖဲ၊ ပွင့်ဖြူ၊ တောင်တွင်းကြီး၊ မင်းလှမြို့နယ်တို့မှ မိတ်ဖက်နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အခြေပြု လူမှုအဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူများ၊ DPNS ပါတီရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေးသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးဦးတည်ချက် ၅ ရပ်တွင်တခု အပါအဝင်ဖြစ်ပါသည်။

[ngg src=”galleries” ids=”692″ display=”basic_thumbnail”]