ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်)

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ဖယ်ဒရယ်သင်တန်းအဖွဲ့ (FTT)တို့ ဦးဆောင်ပြီး ဖယ်ဒရယ်စနစ်အခြေခံ သဘောတရားကို မကွေးတိုင်း၊ မင်းဘူးမြို့၊ သုခမိန်ခန်းမမှာ အောက်တိုဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ် အခုဆွေးနွေးပွဲမှာ ဖက်ဒရယ်စနစ်နဲ့သက်ဆိုင်တဲ့ ကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့ကြပြီး ဖယ်ဒရယ်နဲ့ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို နားလည်ဖို့လိုအပ်ကာ နားလည်လာရင် ပြည်ထောင်စုဖွဲ့စည်းရေးအတွက် ပိုအားဖြစ်လာစေဖို့ ရည်ရွယ်ဆွေးနွေးတာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းက ပြောပါတယ်။ မေတ္တာစိတ်ရင်းစိတ်ဓာတ်နဲ့ အခြေခံပြီး ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ အခုဆွေးနွေးပွဲကနေ ရရှိခဲ့တယ်လို့လည်း ဆွေးနွေးပွဲတက်ရောက်သူတစ်ဦးက ဆိုပါတယ်။ အခုဆွေးနွေးပွဲကို တောင်တွင်းကြီး၊ မကွေး၊ မင်းဘူး၊ မင်းလှ၊ ပွင့်ဖြူ၊ ငဖဲ မြို့နယ်တွေက နိုင်ငံရေးစိတ်ပါဝင်စားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီဝင်တွေ အင်အား (၇၀)ကျော်လောက် တက်ရောက်ပြီးတော့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။