ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on March 21st, 2018
မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
By DPNS INFORMATION, on March 16th, 2018
မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံမှ စီစဉ်ကျင်းပသည့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ UPDJC အဖွဲ့ဝင်များ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on March 16th, 2018 စာစဉ်ရယူရန် ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၂)
By DPNS INFORMATION, on March 15th, 2018
မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံမှ စီစဉ်ကျင်းပသည့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲပထမနေ့ကို ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on March 14th, 2018
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့သည် ၂၀၁၈ မတ်လ ၁၄ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်သို့ လာရောက်ဆွေးနွေးခဲ့ကြရာ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဗဟိုဦးဆောင်ကော်မတီဝင်များ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခင်းအကျင်းအတွင်း လှုပ်ရှားဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ စိန်ခေါ်မှုများနှင့် အတူလက်တွဲဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on March 8th, 2018
ပြည်သူ့တိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးညိုဝင်း(ရွှေကျင်) အင်းစိန်အကျဉ်းထောင်တွင်းကျဆုံးခြင်း ၂၇ နှစ်ပြည့်အခမ်းအနားကို ကျန်ရစ်သူမိသားစုက ၂၀၁၈ မတ်လ ၈ ရက်နေ့တွင် တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးညိုဝင်း၏ဇနီး ဒေါ်စန်းပွင့် ပြည်သူ့တိုးတက်ရေးပါတီအတွင်းရေးမှူး ဦးလှရွှေ ကျွန်းပြန်ရဲဘော်ကြီး ဦးဖေအောင်နှင့် မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂမှ ဆရာထက်မြက်တို့က အမှတ်တရစကား ပြောကြားခဲ့ကြပါသည်။အခမ်းအနားသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ မှိုင်းငြိမ်းကွန်ရက် ကျွန်းပြန်နိုင်ငံရေးအင်အားစု ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးညိုဝင်းကိုချစ်ခင်လေးစားကြသူများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on March 7th, 2018
[Show slideshow]
By DPNS INFORMATION, on March 5th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ-WWC ၏ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈၊ မတ်လ ၅ ရက်၊ နေ့လည် ၃း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ်(CEDAW)၏ အပိုဒ် ၂၉ အား ခြွင်းချက်အဖြစ် ချန်လှပ်မထားဘဲ အစိုးရမှ လက်မှတ်ရေးထိုးရန် WWC က တိုက်တွန်းတောင်းဆိုခဲ့ပါသည်။ မြန်မာနိုင်ငံအမျိုးသမီးထု၏ လက်ရှိအခြေအနေကို ဒေါ်နှင်းနှင်းမွှေး(WWC အကြံပေး)ကလည်းကောင်း၊ CEDAW ပါ အချက်အလက်များကို ဒေါ်နိုးနိုးထက်စံ(WWC အဖွဲ့ဝင်)ကလည်းကောင်း၊ မည်သည့်အတွက်ကြောင့် အစိုးရအား တိုက်တွန်းတောင်းဆိုရသည်နှင့် လက်ကမ်းစာစောင်ဝေငှသည့် လှုပ်ရှားမှုအခြေအနေကို မသက်ဇွန်လင်းထင်(WWC ဆက်သွယ်ရေးတာဝန်ခံ)ကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အစီအစဉ်အကျိုးဆောင်အဖြစ် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မစိမ့်အိစံက ဆောင်ရွက်ပေးခဲ့ပါသည်။ DPNS အမျိုးသမီးလုပ်ငန်းကော်မတီ သတင်းစာရှင်းလင်းပွဲ ကျင်းပ 14 Photos Image may contain: 4 people, people standing and people sitting Image may contain: 2 people, people standing Image may contain: 5 people Image may contain: 4 people, people sitting and child
By DPNS INFORMATION, on March 5th, 2018 နိုင်ငံတကာအမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက်(၃/၂၀၁၈) ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ထုတ်ပြန်လိုက်ပါသည်။
By DPNS INFORMATION, on March 5th, 2018
မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။
|