ကယန်းအမျိုးသားတော်လှန်ရေး နှစ် (၆ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ
၁။ ယနေ့ (၄၊ ၆၊ ၂ဝ၂၄) ကျရောက်သည့် ကယန်းအမျိုးသားတို့၏ လက်နက်ကိုင်တော်လှန်ရေး နှစ် (၆၀) ပြည့် အခါ သမယ၌ ကယန်းပြည်သစ်ပါတီနှင့် ကယန်းပြည်သစ်တပ်မတော် ခေါင်းဆောင်များနှင့်တကွ ရဲဘော်အပေါင်းတို့ ဝမ်းမြောက် ရွှင်လန်း ရှိကြပါစေကြောင်း ဆန္ဒအမွန် ပြုပါသည်။ကယန်းအမျိုးသားပြည်သူတို့၏ လက်နက်ကိုင်တော်လှန်ရေးအတွင်း အသက် သွေး ချွေးတို့ ပေးဆပ် တိုက်ပွဲဝင်ခဲ့ ကြသည့် ကယန်းအမျိုးသားအာဇာနည်အပေါင်းအားလည်း အလေးအမြတ် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။
၂။ ကယန်းပြည်သစ်ပါတီနှင့် ကယန်းပြည်သစ်တပ်မတော်တို့သည် ကယန်းအမျိုးသားပြည်သူတို့၏ မွေးရာပါ အခြေခံရပိုင်ခွင့်များအတွက်သာမက လူမျိုးစုံ ဗမာပြည်သူတရပ်လုံးအတွက် စစ်အာဏာရှင်အဆက်ဆက်အား ဂုဏ် ပြောင်စွာ ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ တိုက်ပွဲဝင်လျက် ရှိသည်ကို မိမိတို့ပါတီအနေဖြင့် လေးလေးနက်နက် အသိအမှတ် ပြုအပ်ပါသည်။
တဆက်တည်းတွင် မိမိတို့ပါတီ၏ မိတ်ဆွေရင်းချာအဖြစ် နှစ်ရှည်ကြာမြင့်စွာ လက်တွဲနိုင်ခဲ့သည်ကိုလည်း လှိုက် လှဲစွာ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ဖေါ်ပြအပ်ပါသည်။
၃။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ကယန်းပြည်သစ်ပါတီ၊ ကယန်းပြည်သစ်တပ်မတော်၊ ကယန်း အမျိုးသားပြည်သူတို့နှင့်အတူ၊ လူမျိုးစုံမြန်မာပြည်သူတို့နှင့်အတူ လက်တွဲ၍ နွေဦးတော်လှန်ရေးကြီး၏ ဦးတည်ချက် များဖြစ်သည့် “စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စု တည်ဆောက်ရေး ” ဟူသည့် နိုင်ငံရေးတာဝန်များ ပြည့်မြောက်အောင်မြင်သည်အထိ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုရင်း သဝဏ်လွှာပေးပို့ ဂုဏ်ပြုအပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂ဝ၂၄ ခုနှစ်၊ ဇွန်လ၊ ၄ ရက်။