အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၏ နာယကကြီး ဦးတင်ဦး ဆုံးပါးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ထုတ်ပြန်ချက်များ ဝမ်းနည်းကြောင်း သဝဏ်လွှာ

ဝမ်းနည်းကြောင်းသဝဏ်လွှာ

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နာယကကြီး ဦးတင်ဦး (၁၊ ၆၊ ၂၀၂၄) နေ့က ကွယ်လွန်ကြောင်း ကြားသိ ရပါသည်။
၂။ ဦးတင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်ခဲ့သူတဦး ဖြစ်သကဲ့သို့ ဥက္ကဋ္ဌတာဝန် ကို (၂၂၊ ၁၂၊ ၁၉၈၉) အထိ တာဝန်ယူခဲ့သူ ဖြစ်သည်။ ၁၉၈၈ လူထုအရေးတော်ပုံကြီးကာလမှ စတင်လျက် ပြည်သူလူ ထုဘက်သား နိုင်ငံရေးသမားတဦးအဖြစ် ကွယ်လွန်ချိန်အထိ ဖြောင့်မှန် တည်ကြည်စွာ ရပ်တည်ခဲ့သူတဦးလည်း ဖြစ် ပေသည်။
၃။ မိမိတို့ ပါတီအနေဖြင့် ဦးတင်ဦးကွယ်လွန်မှုအတွက် ကျန်ရစ်သူမိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီဝင်များနည်းတူ စာနာ ဝမ်းနည်းရပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂ဝ၂၄ ခုနှစ်၊ ဇွန်လ၊ ၃ ရက်။