မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအပေါ် သဘောထား ထုတ်ပြန်ချက် ( ၇/၂၀၂၄ )

ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ချက်များ

မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအပေါ် သဘောထား ထုတ်ပြန်ချက် (၇/ ၂၀၂၄)

၁။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာနေ ဝက်လက်မြို့နယ်ကျောင်းသားသမဂ္ဂမှ မောင်မြင့်မြတ်ဦး သည် ၈၊ ၇၊ ၂ဝ၂၄ ညက ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း ကြားသိရပါသည်။
၂။ ကျောင်းသားငယ်တဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်းအား မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချအပ်ပါသည်။ ကျန်ရစ်သူမိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက် သမဂ္ဂကျောင်းသားများနည်းတူ စာနာ ဝမ်းနည်းကြောင်းလည်း ဖော်ပြအပ်ပါသည်။
၃။ ၎င်းအမှုမှန်ကို စိစစ် ဖော်ထုတ်လျက် တာဝန်ရှိသူများကို တိတိကျကျ အရေးယူနိုင်ရေး ဆောင်ရွက်မှုတိုင်းအား မိမိတို့ပါတီအနေဖြင့် အစွမ်းကုန် ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါ သည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၁၃ ရက်။