ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
စစ် (၃) စစ် အမြစ်ပြတ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသော ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (PLF) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားသို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူစွာဖြင့် သဝဏ်လွှာ ပေးပို့အပ်ပါသည်။
ار ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF) သည် အထက်ပါ အခြေခံမူများကို ကိုင်စွဲ၍ ဧရာဝတီဒေသတွင်းရှိ ကျောင်းသား လူငယ်များ၊ ဝန်ထမ်း အလုပ်သမားနှင့် လယ်သမားများကို စုရုံးစုစည်းကာ တိုက်ပွဲဝင်ခဲ့သည့် ၃ နှစ်တာ ကာလအတွင်းတွင် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များမှ မသွေဖည် မယိမ်းယိုင်ဘဲ ကြံ့ကြံ့ခံ တိုက်ပွဲဝင် လျက် မော်ကွန်းအစဉ်အလာကောင်း ထူစိုက်နိုင်ခဲ့ပြီဖြစ်သည်။
२० မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များ အောင်မြင် ရန် ချီတက်ရာတွင် ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(PLF) ရဲဘော်များနှင့်အတူ၊ လူမျိုးစုံပြည်သူများနှင့်အတူ အတူတကွ လက်တွဲ ချီတက်ကြမည်ဟု ကတိဓိဌာန်ပြုလျက် ဤ ဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၆၊ ဇွန်၊ ၂ဝ၂၄ ခုနှစ်။