ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ စတင်တည်ထောင်ခြင်း (၉၁) နှစ်ပြည့်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ
ယနေ့ (၃၁၊ ၁၊ ၂၀၂၂) သည် သမိုင်းအစဉ်အလာ ကြီးမြတ်သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စတင် တည်ထောင်ခြင်း (၉၁) နှစ် ပြည့်မြောက်သည့် အခါသမယ ဖြစ်သည်။နယ်ချဲ့ကိုလိုနီအစိုးရက သဟာယစာဖတ်အသင်းအဆင့်မျှ မျှော်ရည်လျက် တက္ကသိုလ်၊ ကောလိပ်များ၏ အဆင် တန်ဆာတစ်ရပ်အဖြစ် ကမကထပြု ဖေါ်ထုတ်ပေးခဲ့ခြင်းဖြစ်သော်လည်း ရတကသ အနေဖြင့် သမိုင်းခေတ်၏တာဝန် ဖြစ်သည့် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ ဖက်ဆစ် ဆန့်ကျင်ရေးတိုက်ပွဲများတလျှောက် လူမျိုးစုံ မြန်မာပြည်သူ တို့ဘက်မှ ဂုဏ်ရောင်ပြောင်စွာ ရပ်တည် တိုက်ပွဲဝင်ခဲ့သည်ကို မိမိတို့ပါတီနှင့်တကွ မြန်မာပြည်သူတရပ်လုံးက လေး လေးနက်နက် ဂုဏ်ယူ မှတ်တမ်းတင်အပ်ပါကြောင်း ဖေါ်ပြလိုပါသည်။ထိုမှသည် မျက်မှောက်ကာလ ဖေါက်ပြန်သော စစ်အုပ်စု၊ စစ်အာဏာ၊ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် စိုးမိုးမှုကို လူမျိုးစုံ မြန်မာပြည်သူတို့ဘက်မှ ရပ်တည်လျက် […]
Continue Reading
