လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ( ၃၆ ) နှစ်ပြည့် ပါတီဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်

(၃၆) နှစ်ပြည့် ပါတီဖွဲ့စည်းတည်ထောင်ခြင်းနေ့ အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက် ယနေ့ (၁၄၊ ၁၀၊ ၂၀၂၄) ရက်နေ့တွင် မိမိတို့ပါတီ ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်မှာ ၃၆ နှစ် တင်းတင်း ပြည့် ပြီ ဖြစ်သည်။ပါတီ၏ ခက်ခဲကြမ်းတမ်းလှသည့် ဖြတ်သန်းမှုကြီးအတွင်း အသက်များ၊ ဘဝများ ပေးဆပ်စွန့်လွှတ်ခဲ့ကြ သည့် ပါတီဝင်ရဲဘော်အပေါင်းကို လေးစားတန်ဖိုးထားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ အခက်အခဲ အကြပ်အတည်း ပေါင်းစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်လျက် ပါတီ၏ ဦးဆောင်မှုအောက်တွင် နေရာဒေသအသီးသီး၌ သဏ္ဍာန်အမျိုးမျိုးဖြင့် ယနေ့အထိ ကျားကုတ်ကျားခဲ တိုက်ပွဲဝင်နေကြသည့် ပါတီဝင်များ၊ ပါတီလိုလားသူများ အားလုံးကိုလည်း လေးစား လှိုက်လှဲစွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ပါတီသည် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးက မွေးဖွားပေးလိုက်သည့် နိုင်ငံရေးပါတီ ပီသစွာ အ ရေးတော်ပုံကြီး၏ မပြီးဆုံးသေးသည့် နိုင်ငံရေးတာဝန်များကို ” […]

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု – ဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် (၇၊ ၁၀၊ ၂၀၂၄) ရက်နေ့ နံနက် ၃:၀၀ နာရီခန့်က ဆုံးပါးကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် ကျန်ရစ်သူ မိသားစုဝင် များနှင့် ထပ်တူ၊ အဖွဲ့ချုပ် ပါတီဝင်များနှင့် ထပ်တူ မိမိတို့ပါတီမှ အထူးပင် ဝမ်းနည်းကြရပါသည်။ဒေါက်တာဇော်မြင့်မောင်သည် စစ်အုပ်စုက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို နင်းချေဖျက် သိမ်းပစ်ခဲ့သည့် ကာလတွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို နင်းချေဖျက်သိမ်းပစ် သည့် ယခုကာလတွင်လည်းကောင်း၊ မဲဆန္ဒရှင်ပြည်သူများနှင့်အတူ၊ မိတ်ဖက် အင်အားစုအသီးသီးနှင့် အတူ၊ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည် တိုက်ပွဲဝင်ခဲ့မှုများအပေါ် မိမိတို့ပါတီက တန်ဖိုးထားစွာ မှတ်တမ်းတင်ထား မည် ဖြစ်ပါသည်။ဒေါက်တာဇော်မြင့်မောင် ကောင်းရာဘုံဘဝ ရောက်ပါစေ။ […]

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ (၂၇၊ ၉၊ ၂၀၂၄)ရက်နေ့တွင် ၃၆ နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ အဖွဲ့ချုပ်၏ ၃၆ နှစ်ကြာ ဖြတ်သန်းခဲ့ရသည့် သမိုင်းသည် ပေးဆပ်မှုများ၊ စွန့်လွှတ် မှုများ၊ ရုန်းကန်တိုက်ပွဲဝင်မှုများဖြင့် ခက်ခဲကြမ်းတမ်းလှသည့်သမိုင်း ဖြစ်ပါသည်။ စစ်အာဏာရှင် အဆက်ဆက် အဖွဲ့ချုပ်ကို နင်းချေဖျက်သိမ်းပစ်ရန် အကြိမ်ကြိမ် ကြံစည် ကျူးလွန်ခဲ့သည့်အောက်မှ လူထုကြီးနှင့်အတူ ရုန်းထပြီး ယနေ့အထိ ရဲရင့်တည်ကြည်စွာ တိုက်ပွဲဝင်နေသည့် သမိုင်းဖြစ်သည်ဟု မိမိတို့ပါတီက တန်ဖိုးထားပါသည်။ယနေ့ ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေးကြီးနှင့်တကွ ရှည်လျားသည့် အဖွဲ့ချုပ်သမိုင်းတလျှောက် အသက်များ၊ ဘဝများ ပေးဆပ်ခဲ့ကြသည့် အဖွဲ့ချုပ်ခေါင်းဆောင်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များကိုလည်း လေးစား တန်ဖိုးထားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။လက်ရှိ အနေအထားမှာ […]

Continue Reading

၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ၁။ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ကရင့်တော်လှန်ရေးရဲဘော်များ သူရဲကောင်းပီသ စွာ ကျဆုံးခဲ့ကြသည်မှာ ယနေ့ ( ၁၂၊ ၈၊ ၂၀၂၄ ) ရက်နေ့တွင် ၇၄ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။၂။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝ ရရှိရေး၊ မိမိတို့အမျိုးသားထု၏ကံကြမ္မာ မိမိတို့လက်ထဲတွင် ထားရှိနိုင်ရေးအတွက် ကရင့်အမျိုးသားထု တရပ်လုံးကို ဦးဆောင်ကာ ခုခံတော်လှန်စစ် ဆင်နွှဲရင်း အသက်စွန့်လွှတ် ပေးဆပ်ခဲ့ကြသည့် ဥက္ကဋ္ဌ စောဘဦး ကြီးနှင့်တကွ ကရင့်အမျိုးသားအာဇာနည်အပေါင်းတို့အား မိမိတို့ပါတီမှ အလေးအမြတ် ဦးညွှတ် အလေးပြု အပ်ပါသည်။၃။ ကရင်အမျိုးသားထုတရပ်လုံးသည် စောဘဦးကြီး၏ […]

Continue Reading

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီး ( ၃၆ ) နှစ်မြောက် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေငြာချက်

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲ ချီတက်ကြ။

စစ် ၃ စစ်ကို တစမကျန် ဖယ်ရှားဖျက်သိမ်းကြ။

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။ အရေးတော်ပုံ အောင်ရမည်။

Continue Reading

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ ( ၃၆ ) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ(၃၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ ၁။ ယနေ့ (၈၊ ၈၊ ၂၀၂၄) ရက်နေ့တွင် ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီးသည် (၃၆) နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။၂။ လူထုလူတန်းစားအလွှာအသီးသီးနှင့် လူမျိုးစုံပြည်သူလူထုကြီးသည် ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေး တော်ပုံကြီးဖြင့် ဗိုလ်နေဝင်းဦးဆောင်သည့် မဆလ တပါတီအာဏာရှင်စနစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်ခဲ့ကြသည်။၃။ အဆုံးတိုင် ဖျက်သိမ်းမပစ်လိုက်နိုင်ခဲ့သည့် စစ်အာဏာရှင်စနစ်ကို တစမကျန် အကုန်အစင် ဖျက်သိမ်းပစ် နိုင်ရေးအတွက် လူမျိုးစုံပြည်သူလူထုကြီးက တိုက်ပွဲအလီလီ ဆက်ပြီး တိုက်ခဲ့ကြသည်မှာ ယနေ့ ဆင်နွှဲနေကြ သည့် နွေဦးတော်လှန်ရေးကြီးအထိ ဖြစ်သည်ဟု မိမိတို့ပါတီက နားလည် ယုံကြည်သည်။၄။ နွေဦးတော်လှန်ရေးကြီးအနေဖြင့် စစ် ၃ […]

Continue Reading

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီး ( ၃၆ ) နှစ်မြောက် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေငြာချက်

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၃၆) နှစ်မြောက် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေငြာချက် ၁။ ယနေ့ ( ၈၊ ၈၊ ၂၀၂၄ ) ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီးသည် (၃၆) နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ အရေးတော်ပုံကြီးအတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်ရဲဘော် အပေါင်းတို့အား မိမိတို့ပါတီက လေးစားတန်ဖိုးထားစွာ ဦးညွှတ် အလေးပြုအပ်ပါသည်။၂။ လူထုလူတန်းစားအလွှာအသီးသီးနှင့် လူမျိုးစုံပြည်သူလူထုကြီးသည် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေး တော်ပုံကြီးဖြင့် ဗိုလ်နေဝင်းဦးဆောင်သည့် မဆလ တပါတီအာဏာရှင်စနစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်ခဲ့ကြသော်လည်း စစ်အာဏာရှင်စနစ်ကိုမူ မဖျက်သိမ်းနိုင်ခဲ့ကြပေ။ ၃။ စစ်အာဏာရှင်စနစ်သည် နာတ၊ နအဖ၊ စစ်တပိုင်းအစိုးရ၊ အာဏာသိမ်းစစ်ကောင်စီ စသည့် အသွင် သဏ္ဍာန်မျိုးစုံတို့ဖြင့် လူမျိုးစုံပြည်သူလူထုကြီးအပေါ် […]

Continue Reading

ဆရာမ နော်စီဖိုးရာစိန် ဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဆရာမ နော်စီဖိုးရာစိန် ဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ၁။ ကရင့်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုတိယဥက္ကဌဟောင်း ဆရာမနော်စီဖိုးရာစိန် (၂၄၊ ၇၊ ၂ဝ၂၄) နေ့က ဆုံးပါးကွယ်လွန်ကြောင်း ကြားသိရပါသည်။ ထို့အတွက် ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ၊ ကရင့်အမျိုးသားအ စည်းအရုံး (KNU) နှင့်ထပ်တူ၊ ကရင့်အမျိုးသားထုကြီးနှင့်ထပ်တူ မိမိတို့ပါတီက များစွာ ဝမ်းနည်းကြေကွဲ ဖြစ်ရပါ သည်။၂။ ဆရာမနော်စီဖိုးရာစိန်သည် ကရင့်အမျိုးသားအစည်းအရုံး (KNU) တွင်လည်းကောင်း၊ ကရင့်အမျိုးသမီးအစည်း အရုံး (KWO) တွင်လည်းကောင်း၊ ထိုင်းမြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးတပ်ပေါင်းစုကြီးများတွင်လည်းကောင်း ကြီး မားသည့်နိုင်ငံရေးတာဝန်များကို ကျေမွန်စွာထမ်းရွက်ခဲ့သူ ဖြစ်ပါသည်။ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်အကုန် အစင်ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်၁ ရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ရေး တိုက်ပွဲစဉ်ကြီးအတွင်းတွင် မိမိတို့ပါတီအပါအဝင် မိတ်ဖက်အင် အားစုအသီးသီးနှင့် တက်ကြွစွာ […]

Continue Reading

မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအပေါ် သဘောထား ထုတ်ပြန်ချက် ( ၇/၂၀၂၄ )

မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအပေါ် သဘောထား ထုတ်ပြန်ချက် (၇/ ၂၀၂၄) ၁။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာနေ ဝက်လက်မြို့နယ်ကျောင်းသားသမဂ္ဂမှ မောင်မြင့်မြတ်ဦး သည် ၈၊ ၇၊ ၂ဝ၂၄ ညက ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း ကြားသိရပါသည်။၂။ ကျောင်းသားငယ်တဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်းအား မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချအပ်ပါသည်။ ကျန်ရစ်သူမိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက် သမဂ္ဂကျောင်းသားများနည်းတူ စာနာ ဝမ်းနည်းကြောင်းလည်း ဖော်ပြအပ်ပါသည်။၃။ ၎င်းအမှုမှန်ကို စိစစ် ဖော်ထုတ်လျက် တာဝန်ရှိသူများကို တိတိကျကျ အရေးယူနိုင်ရေး ဆောင်ရွက်မှုတိုင်းအား မိမိတို့ပါတီအနေဖြင့် အစွမ်းကုန် ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါ သည်။ ဗဟိုဦးဆောင်ကော်မတီလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၁၃ ရက်။

Continue Reading

( ၆၂ ) နှစ်မြောက် ၇ – ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

(၆၂) နှစ်မြောက် ၇-ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၇၊ ၇၊ ၂၀၂၄) နေ့သည် ၁၉၆၂၊ ၇-ဇူလိုင် လူသတ်ပွဲ (၆၂) နှစ်ပြည့်သည့်နေ့ ဖြစ်သည်။(၇၊ ၇၊ ၆၂) ရန်ကုန်တက္ကသိုလ် – သွေးမြေကျ လူသတ်ပွဲသည် ဘက်တဖက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားထု ၏ ရဲရင့်ဂုဏ်ပြောင်သော သမိုင်းမော်ကွန်း ဖြစ်သည်။အခြားတဖက်တွင် တော်လှန်ရေးကောင်စီ အမည်ခံ အာဏာသိမ်းစစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်သော ဘီလူး ဇာတိရုပ်ကို ကမ္ဘာသိ မျက်နှာဖုံးချွတ်ခွာပြလိုက်ခြင်း ဖြစ်သည်။၂။ ယနေ့ထက်တိုင် ၇ ဇူလိုင် အရေးတော်ပုံအတွင်း ကျောင်းသူ ကျောင်းသား မည်မျှ သေကြေခဲ့ကြ ထိခိုက်ဒဏ်ရာရခဲ့ ကြခြင်းအား စာရင်းတိကျစွာ မဖေါ်ထုတ်ပေးနိုင်ခြင်း၊ ၎င်းဖြစ်စဉ်အတွက် တာဝန်ရှိသူတို့အား […]

Continue Reading