ဗိုလ်မှူးထူးထူးလေး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းသဝဏ်လွှာ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး – ဗဟို၏ စစ်ရေး၊ နိုင်ငံရေးအကြံပေး ဗိုလ်မှူးထူးထူးလေး (၇၈ နှစ်)(ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဘက်အတွင်းရေးမှူးဟောင်း) သည် ၁၇၊ ၅၊ ၂၀၂၅ နေ့က ကွယ်လွန်ခဲ့ကြောင်း ကြားသိရပါသည်။ဗိုလ်မှူးထူးထူးလေး ကွယ်လွန်ခြင်းအတွက် ဝါရင့် ကရင့်တော်လှန်ရေးခေါင်းဆောင်တဦး အဖြစ်လည်း ကောင်း၊ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မိတ်ကောင်းဆွေမွန်တဦး အဖြစ်လည်းကောင်း မိသားစုဝင်များနည်းတူ၊ ရဲဘော် လုပ်ဖော်ကိုင်ဘက်များနည်းတူ၊ ကရင်အမျိုးသားပြည်သူများနည်းတူ ဝမ်း နည်း နှမြောမိကြောင်း ဖော်ပြအပ်ပါသည်။ဗိုလ်မှူးထူးထူးလေး ကွယ်လွန်ခြင်းမှာ လူမျိုးစုံဗမာပြည်သူတို့ လက်ရှိ ဆင်နွှဲလျက်ရှိသည့် နွေဦးတော် လှန်ရေးကြီးအတွက်လည်း အားထားလောက်သည့် အရေးတော်ပုံဘက်တော်သား ရဲဘော်ကြီးတဦးကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်ပါသည်။မိမိတို့ပါတီအနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်အယ်လ်အေ-ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသားပြည်သူတို့နှင့်တကွ လူမျိုးစုံဗမာပြည်သူလူထုကြီးနှင့်အတူ တန်းတူ လွတ်လပ် ငြိမ်းချမ်းသည့် ပြည်ထောင်စုနိုင်ငံတော်တရပ် ထူထောင် အောင်မြင်သည်အထိ […]
Continue Reading