ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on May 5th, 2017 “ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံ ဒုတိယနေ့ကို ၅၊၅၊၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်း၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ညီလာခံအဖွင့်အမှာစကားကို သဘာပတိ ဆရာကိုတာနှင့် မွန်ပြည်နယ် NNER မှ ဆရာဦးမြသွင်တို့က ပြောကြားခဲ့ကြပါသည်။ NNER ဆောင်ရွက်ချက်များကို ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပညာရေးမူဝါဒဆိုင်ရာ ပြင်ဆင်ချက်များကို ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ပညာရေးကဏ္ဏအခြေအနေများကို ကိုအောင်သူငြိမ်း၊ ကိုရဲ၊ ကိုမင်းဇင်၊ ဒေါက်တာညိုညိုသင်း၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာကျော်သူတို့က ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဖက်ဒရယ်ပညာရေးနှင့် လူထုအခြေပြု ပညာရေးလုပ်ငန်းများကို အသိအမှတ်ပြုရန်နှင့် အားပေးမြှင့်တင်ရန်အတွက် လိုအပ်ချက်များကို ညီလာခံတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
အစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on May 4th, 2017 “ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံကို ၄၊၅၊၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်း၌ စတင်ပြုလုပ်ခဲ့ပါသည်။ ညီလာခံပထမနေ့တွင် ကိုယ်စားပြုကော်မတီနှင့် လုပ်ငန်းအဖွဲ့များ၏ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအဖွင့်အမှာစကားကို သဘာပတိ ဆရာကြီးနိုင်ငွေသိန်းနှင့် ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်တို့က ပြောကြားခဲ့ကြသည်။ ထို့နောက် ညီလာခံအစီအစဉ်များကို ဆွေးနွေးအတည်ပြုခြင်း၊ ကိုယ်စားပြုကော်မတီ အစီရင်ခံစာနှင့် ပညာရေးမူဝါဒဆိုင်ရာ ပြင်ဆင်ချက်များ၊ တင်သွင်းမည့်အဆိုများ၊ NNER ၏ မဟာမိတ်မူဝါဒတို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ‘ပညာရေးအသုံးစရိတ်ကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်း’ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ APSBAE မှ Ms. Helen Dabue နှင့် Mr. Rene Raya တို့က နိုင်ငံတကာ အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on May 1st, 2017 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်အစည်းအဝေးကို ၂၀၁၇၊ မေလ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့နလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်အစည်းအဝေးကို ၂၀၁၇၊ မေလ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

By DPNS INFORMATION, on May 1st, 2017 ၁၂၇ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေးနေ့) အခမ်းအနားနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းခြင်းအခမ်းအနားကို ၁၊၅၊၁၇ ရက်နေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အလုပ်သမားအခွင့်အရေးများအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည့် အလုပ်သမားရဲဘော်များအား အလေးပြု ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးကျော်မျိုးက အဖွင့်စကားပြောကြားပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အမှတ်တရစကား ပြောကြားပေးခဲ့ပါသည်။ ကိုကျော်ကိုကိုက မေဒေးနေ့သမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီးနောက် ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။
By DPNS INFORMATION, on May 1st, 2017
By DPNS INFORMATION, on April 29th, 2017 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့သည် SocDem Asia အစီအစဉ်အရ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်တရပ်အား အကောင်အထည်ဖော်လျက်ရှိပါသည်။ ၎င်းအစီအစဉ်အရ ၂၉၊၄၊၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ Orchid Hotel ၌ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ Burma Monitor၊ Pen Myanmar၊ Civil Society Forum for Peace အစရှိသည့်အဖွဲ့အစည်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on April 28th, 2017
By DPNS INFORMATION, on April 28th, 2017 SocDem Asia အစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့သည် အားလုံးပါဝင်သော မူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ၂၈၊၄၊၁၇ နေ့တွင် Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဝိမုတ္တိ၊ AJAR၊ ဖန်တီးအိမ်တို့မှ အမျိုးသမီးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on April 26th, 2017
By DPNS INFORMATION, on April 25th, 2017 SocDem ‘ Asia အစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့၏ မူဝါဒရေးဆွဲရေး ပူးတွဲလုပ်ငန်းစဉ်အား အကောင်အထည်ဖော်သည့် အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)ကို ၂၅၊ ၄၊ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ SocDem’ Asia၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်လူငယ်များ၊ တောင်ကြီးဒေသခံလူငယ်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက ဖွဲ့စည်းပုံပြင်ဆင်ရေး/အသစ်ရေးဆွဲရေး၊ ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်သော မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန်အတွက် အကြံဉာဏ်များ၊ အမြင်သဘောထားများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
|