Pdf ဖိုင် ရယူရန် – ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၆)၊ ဇွန်လ၊ ၂၀၂၀
|
||
Pdf ဖိုင် ရယူရန် – ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၆)၊ ဇွန်လ၊ ၂၀၂၀ ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်၊ ပြည်ခရိုင်စည်းရုံးရေးကော်မတီနှင့် ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟက ဌာနချုပ်၏ ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ခရိုင်စည်းရုံးရေးကော်မတီဝင်များနှင့် ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီဝင်များကလည်း ၎င်းတို့၏ ဆောင်ရွက်ထားမှုအခြေအနေများ၊ ဒေသအခြေအနေများကို ပြန်လည်တင်ပြခဲ့ကြပါသည်။ ထို့နောက် ပါတီရှေ့လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ![]() ဆွာတမံလက်တံကျိုးပေါက်မှုကြောင့် ရေလွှမ်းမိုးမှုခံရသော လေးအိမ်စုကျေးရွာမူလွန်ကျောင်း၊ ဝမ်းမကြီးကျေးရွာ မူလွန်ကျောင်းနှင့် သဖန်းဇင်ကျေးရွာမူလွန်ကျောင်းတို့အား ဗလာစာအုပ်ဒါဇင် ၅၀ဒါဇင် နှင့် ပေတံ ၅၀ချောင်းတို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)က လှိုင်မြို့နယ် DPNSဥက္ကဋ္ဌ ဦးမြတ်လင်းလင်းထွေးမှတဆင့် ပေးပို့လှူဒါန်းခဲ့ပါသည်။ လေးအိမ်စုမူလွန်ကျောင်းအတွက် ကျောင်းအုပ်ဆရာကြီး ဦးသော်ဇင်၊ ဝမ်းမကြီးကျေးရွာမူလွန်ကျောင်းအတွက် လက်ထောက်ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးနှင့် သဖန်းဇင်ကျေးရွာမူလွန်ကျောင်းအတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးတို့က လက်ခံရယူခဲ့ကြပါသည်။ ![]() ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်ရုံးခွဲ (မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း) ရုံးခန်းဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၁၈၊ သြဂုတ်လ၊ ၂၈ ရက် နံနက် ၉း၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။ ရုံးခန်းဖွင့်လှစ်ပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးသန့်စင်လည်း တက်ရောက်ခဲ့ပါသည်။ ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့မှ တာဝန်ရှိသူများ သွားရောက်ဝန်းရံ အားပေးခဲ့ကြပါသည်။ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် ၃၀ ဦးအား အကြောင်းပြချက်ခိုင်လုံခြင်းမရှိဘဲ ဥပဒေနှင့်ဆန့်ကျင်၍ အလုပ်ထုတ်ပစ်ခဲ့သည့်အတွက် အလုပ်သမား ၂၀၀ ကျော်က သပိတ်မှောက်နေကြခြင်းဖြစ်သည်။ ယနေ့(၂၀၁၈၊ သြဂုတ်လ ၂၈ ရက်နေ့)တွင် သပိတ်မှောက်နေသည်မှာ ၈ ရက်မြောက်ရှိပြီဖြစ်သည်။ အလုပ်သမားများအနေဖြင့် အလုပ်ရပ်စဲသည့်ကြေညာစာကို ပြန်လည်ရုပ်သိမ်းရန် အပါအဝင် အချက် ၉ ချက် တောင်းဆိုထားပြီး အလုပ်ရှင်ဘက်မှ ပြေလည်အောင် ညှိနှိုင်းပေးခြင်းမရှိဘဲဖြစ်နေကြောင်း သိရပါသည်။ ![]() နိုင်ငံလုံးဆိုင်ရာရွှေဝါရောင်တော်လှန်ရေး (၁၁)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပနိုင်ရေး ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈၊ သြဂုတ်လ၊ ၂၇ ရက်နေ့လည်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေသိမ်ဓမ္မသိင်္ဂီကျောင်းတိုက်၌ ပြုလုပ်ခဲ့ပါသည်။ ရွှေဝါရောင်သံဃာတော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ UNDO၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ 141+၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် စသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အစည်းအဝေးတက်ရောက်ခဲ့ကြပြီး အခမ်းအနားကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင်များနှင့် လူ့ဘောင်သစ်လူငယ် အဖွဲ့ဝင်သစ်များသည် ယနေ့(၂၀၁၈၊ သြဂုတ်လ၊ ၂၅ရက်နေ့)နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူ့ဘောင်သစ်လူငယ်များက ပါတီ၏မူဝါဒများ၊ လက်ရှိလုပ်ဆောင်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ပါတီနှင့်ပတ်သက်၍သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပါတီတာဝန်ရှိသူများက မေးမြန်းချက်များကို ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။ ![]() ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပသည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်၊ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်နှင့် မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေး စီမံခန့်ခွဲရေးအဖွဲ့တာဝန်ခံ ဦးမျိုးဟန်တို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးကို ၂၀၁၈၊ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင်များသည် ၂၀၁၈၊ သြဂုတ်လ ၂၄ ရက်နေ့နံနက်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်လူငယ် လုပ်ငန်းကော်မတီဝင်များက ၎င်းတို့၏ လတ်တလောဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ |
||
Copyright © 2021 DPNS - All Rights Reserved.
|