၂၉ နှစ်မြောက် ၈၈၈၈ အခမ်းအနားကျင်းပရေး အစည်းအဝေးသို့ တက်ရောက်

၂၉ နှစ်မြောက် ၈၈၈၈ အခမ်းအနားကျင်းပရေး အစည်းအဝေးကို ၂၇-၇-၂၀၁၇ ညနေ၃း၀၀ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၈၈၈၈ တွင် ပါဝင်ခဲ့ကြသူများ နိုင်ငံရေးပါတီများ နိုင်ငံရေးအင်အားစုများ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ဆရာကြီးမှိုင်း ကွယ်လွန်ခြင်း (၅၃)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း(၅၃)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ၂၃၊ ၇၊ ၂၀၁၇ ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် နာယကတစ်ဦးဖြစ်သည့် မဂ္ဂင်ဆရာတော်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ဦးအောင်စောဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ဦးကျော်မြင့်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ကိုကောင်းထက်ကျော်၊ မှော်ဘီတောင်သူလယ်သမားသမဂ္ဂမှ ကိုကျော်မျိုးလတ်တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး မှိုင်းငြိမ်းကွန်ရက်မှ ဦးထွန်းဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၏ သဘောထားကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားရာတွင် ဆရာကြီးပြောကြားခဲ့သည့် မိန့်ခွန်းများသည် ယနေ့ကာလနှင့် ကိုက်ညီနေဆဲဖြစ်ကြောင်း၊ ဆရာကြီးမိန့်ကြားခဲ့သည့်အတိုင်း ငြိမ်းချမ်းရေးရဖို့အတွက် ညီညွတ်ရေးသည် အရေးကြီးပြီး တပြည်လုံးညီညွတ်ဖို့ လိုအပ်ကြောင်း၊ မဟာမိတ်ဖွဲ့ရာတွင် သတိရှိရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ရာတွင် ကာလ ဒေသ ပယောဂတို့ကို ချိန်ဆပြီးလုပ်ကြရမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ ဆရာကြီးအား ချစ်ခင်လေးစားသူများ၊ ဆရာကြီး၏ မိသားစုဝင်များ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များအစည်းအဝေးသို့ တက်ရောက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များအစည်းအဝေးကို ၂၃-၇-၂၀၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ရာ ရန်ကုန် မှော်ဘီ မန္တလေး မုံရွာ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များကြား ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ဆရာကြီး၏ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးအယူအဆပေါ်တွင် ရပ်ခံဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ကရင်ပြည်နယ် ဘားအံမြို့တွင်ကျင်းပသည့် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်

ကရင်ပြည်နယ် ဘားအံမြို့ ဗိုလ်ချုပ်ကျောက်တိုင်၌ နှစ် ၇၀ မြောက် အာဇာနည်နေ့အခမ်းအနားကို ၁၉-၇-၂၀၁၇ နေ့တွင် ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် ရဲဘော်များ တက်ရောက်အလေးပြုခဲ့ကြပါသည်။

Continue Reading

မြင်းခြံမြို့နယ် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်

မြင်းခြံမြို့နယ် ဗိုလ်ချုပ်ရုပ်တု၌ ၁၉.၇.၂၀၁၇ ရက်နေ့တွင် ကျင်းပသည့် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ရဲဘော်များ တက်ရောက် အလေးပြုခဲ့ကြပါသည်။

Continue Reading

နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်

နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားကို ယနေ့(၁၉-၇-၂၀၁၇)နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

Continue Reading

DPNS ပြည်ခရိုင်စည်းရုံးရေးကော်မတီ အစည်းအဝေး ကျင်းပ

လူ့ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ပြည်​ခရိုင်​စည်းရုံးရေးကော်မတီ၏ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို ၁၅-၇-၂၀၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအခြေအနေများ ပါတီ​ရှေ့လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ ပါတီစည်းရုံးရေးဆိုင်ရာကိစ္စရပ်များအား ​​ဆွေး​နွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်ကို DPNS မှ ငွေလှူဒါန်း

၂၉-၆-၂၀၁၇ ရက်နေ့မှ စတင်ဆင်နွှဲလျက်ရှိသည့် မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ငွေကျပ်တစ်သိန်းလည်း ပေးပို့လှူဒါန်းခဲ့ပါသည်။ ၎င်းအလှူငွေနှင့် ကြေညာချက်တို့အား ၁၃-၇-၂၀၁၇ ရက်နေ့ ညဦးပိုင်းတွင် အောင်မြေသာဇံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သွားရောက်ပေးပို့ လှူဒါန်းခဲ့ပါသည်။ တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်၏ အဓိကလိုလားချက်များမှာ သဏ္ဌာန်ပေါင်းစုံဖြင့် ဖမ်းဆီးအရေးယူ အပြစ်ပေးခံနေရသော တောင်သူလယ်သမားများကို အမှုများပိတ်သိမ်း လွှတ်ပေးရေးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား တွေ့ဆုံဆွေးနွေး ညှိနှိုင်းခွင့်ရရေးတို့ ဖြစ်ပါသည်။

Continue Reading

ပါတီဌါနချုပ်ရဲဘော်များ နှင့် မြင်းခြံစည်းကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်ပါတီဥက္ကဋ္ဌ ဦး​အောင်​မိုး​ဇော်​၊ အတွင်း​ရေးမှူး-၂ ​ဒေါ်နှင်းနှင်း​မွှေးတို့သည်​ ​မြင်းခြံမြို့နယ်​စည်းရုံး​ရေး​ကော်​မတီဝင်​များ၊ ပါတီရဲ​ဘော်​များနှင့်​ ​​တွေ့ဆုံ၍ အစည်း​အေ​ဝးကျင်းပ​ခဲ့ပါသည်​။ ၁၀-၇-၂၀၁၇ ​နေ့လည်​ပိုင်းတွင် မြင်းခြံမြို့နယ်​ DPNS ရုံး၌ ​တွေ့ဆုံခဲ့ကြခြင်းဖြစ်​သည်​။ ​အစည်းအ​​ဝေး​တွင်​ ပါတီဌာနချုပ်​၏ လက်​ရှိ​ဆောင်​ရွက်​​နေမှုများ၊ ပြည်​တွင်းပြည်​ပ မဟာမိတ်​ဆက်​ဆံ​ရေး အ​ခြေအ​နေများ၊ ၂၀၁၇ အတွင်း ​ဆောင်​ရွက်​မည့်​ လုပ်ငန်း​​စဉ်​များကို ရှင်းလင်းတင်​ပြခဲ့ပါသည်။ ​မြင်းခြံရဲ​ဘော်​များကလည်း ​ဒေသတွင်းအ​ခြေအ​နေများ၊ ​ဆောင်​ရွက်​ထားရှိမှုများကို ပြန်​လည်​တင်​ပြ​ပေးကာ ​​ရှေ့လုပ်​ငန်းစဉ်​များကို ​ညှိနှိုင်း​ဆွေး​နွေးခဲ့ကြပါသည်​။

Continue Reading