ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ်

၂၀၁၉၊ အောက်တိုဘာ ၅ – ၆ ။ မင်းဘူး။ မင်းဘူးမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ၂၀၁၉၊ အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် မင်းဘူးမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားများ၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူနည်းစုများ၏ အခွင့်အရေးများ၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၊ ဘဏ္ဍာငွေကြေးခွဲဝေသုံးစွဲခြင်းအစီအမံများ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ မကွေး၊ မင်းဘူး၊ ငဖဲ၊ ပွင့်ဖြူ၊ တောင်တွင်းကြီး၊ မင်းလှမြို့နယ်တို့မှ မိတ်ဖက်နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အခြေပြု လူမှုအဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူများ၊ DPNS ပါတီရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေးသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးဦးတည်ချက် […]

Continue Reading

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ

၂၀၁၉၊ အောက်တိုဘာ ၆။ မင်းဘူး။လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် ဆွေးနွေးပွဲကို ၂၀၁၉၊ အောက်တိုဘာ ၆ ရက်နေ့တွင် မင်းဘူးမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လူငယ်မိတ်ဆက်ကို လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ မအိသဉ္ဇာမောင်၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ရေရှည်ရည်မှန်းချက် ၅ ရပ်ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ပါတီ၏ အခန်းကဏ္ဍကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ မကွေး၊ မင်းဘူး၊ ငဖဲ၊ ပွင့်ဖြူမြို့နယ်တို့မှ ပါတီမိတ်ဆွေများ၊ DPNS ပါတီရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် တွင် SNLD ဒုဥက္ကဋ္ဌ(၁) ဦးစိုင်းညွန့်လွင်၏ အမှတ်တရစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁) ဦးစိုင်းညွန့်လွင် က အမှတ်တရစကား ပြောကြားခဲ့ပါသည်။အောက်တိုဘာ ၁၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။

Continue Reading

ရွှေ့ပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ

၂၀၁၉၊ အောက်တိုဘာ၊ ၅။ မြင်းခြံ။ ၂၀၁၉၊ အောက်တိုဘာ ၅ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျီးပင်ကန်ကျေးရွာ၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့တို့ ပူးပေါင်း၍ ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။

Continue Reading

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ်

၂၀၁၉၊ အောက်တိုဘာ ၃။ ချောင်းသာ။ ၂၀၁၉၊ အောက်တိုဘာ ၃ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုထက်နိုင်လင်းတို့သည် ချောင်းသာ DPNS ရုံးတွင် ပါတီဝင်များနှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီမိတ်ဆက်၊ ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ လယ်သမား၊ အလုပ်သမား၊ လူငယ်နှင့် အမျိုသမီးလုပ်ငန်းကော်မတီတို့ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဆိုင်ရာအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ပါတီဝင်လျှောက်လွှာများကိုလည်း လက်ခံခဲ့ကြပါသည်။ ညပိုင်းတွင် ပါတီဝင်များ၊ ဒေသခံအမျိုးသမီးများနှင့် ဆွေးနွေးပွဲဆက်လက်ပြုလုပ်ခဲ့ပါသည် ။

Continue Reading

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထား

Continue Reading

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်)

အောက်တိုဘာ ၁၊ ၂၀၁၉။ ■ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဝါးစိမ်းတောင်စီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူထားတဲ့ မူလသဘောထားကို ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ကုမ္ပဏီအနေနဲ့ တရားဝင်လက်ခံရရှိတာ မရှိသေးဘူးလို့ Myanmar Yang Tse ကုမ္ပဏီတာဝန်ရှိသူက RFA ကို ပြောပါတယ်။ တိုင်းအစိုးရအဖွဲ့ရဲ့မနေ့က ကြေညာချက်ကို ကြိုဆိုပေမယ့် အပြည့်အဝ မယုံကြည်သေးဘူးလို့လည်း ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေ ပြောကြပါတယ်။ တရုတ်နိုင်ငံသားပိုင် Myanmar Yang Tse ကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ယင်းမာပင်၊ ကနီနဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းပြီး ကြေးနီနဲ့ ဆက်စပ်ပစ္စည်းရှာဖွေဖို့ တင်ပြခဲ့ရာမှာ ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီးအစိုးရရဲ့ သဘောထားကို တောင်းခံခဲ့တာပါ။ တိုင်းဒေသကြီးအစိုးရက ကုမ္ပဏီက လုပ်ငန်းလုပ်ခွင့်တောင်းခံခဲ့တဲ့ မြေဧက တစ်သိန်းတစ်သောင်းကျော်ထဲက စိုက်ပျိုးမြေ၊ […]

Continue Reading

တရုတ်ယန်စီကုမ္ပဏီ၏ဝါးစိမ်းတောင်စီမံကိန်းကြောင့် ပြည်သူ ရှစ်သောင်းကျော်၏လူမှုဘဝနှင့် စီးပွားရေး ထိခိုက်ပျက်စီးမည် (ခေတ်သစ်မီဒီယာ)

ရန်ကုန်၊ စက်တင်ဘာ ၃၀ တရုတ်ယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဝါးစိမ်းတောင်ဒေသတွင် ဆောင်ရွက်မည့် ကြေးနီနှင့် ဓာတ်သတ္တု စမ်းသပ်ရှာဖွေရေး စီမံကိန်းကြောင့် ကျေးရွာပေါင်း ၁၂၀ ကျော်မှ ဒေသခံ ရှစ်သောင်းကျော်၏ လူမှုဘဝနှင့် စီးပွားရေး ထိခိုက်ပျက်စီးမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် အရပ်ဘက် ဒေသခံ အဖွဲ့အစည်း ၁၈ ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်သည်။ တရုတ်ယန်စီ ကုမ္ပဏီက စမ်းသပ်လုပ်ကိုင်မည့် ဝါးစိမ်းတောင် ဒေသ စီမံကိန်းနယ်မြေ မြေဧရိယာတွင် ကျေးရွာပေါင်း ၁၂၀ ၊ စာသင်ကျောင်း ၈၆ ကျောင်း ၊ ဘုန်းတော်ကြီး ၁၃၉ ကျောင်း ၊ စိုက်ပျိုးမြေ စားကျက်မြေ ၊ သာသနာ့မြေ ၊ ကြိုးဝိုင်းမြေ ၊ သစ်တောမြေ […]

Continue Reading

၀ါးစိမ်းတောင်စီမံကိန်း စမ်းသပ်မှု ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ (VOA သတင်းဖော်ပြချက်)

၃၀ စက်တင်ဘာ၊ ၂၀၁၉။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ဝါးစိမ်းတောင်စီမံကိန်းကို ဒီကနေ့မှာ ဒေသခံ တထောင်နီးပါး ကန့်ကွက်ဆန္ဒပြခဲ့သလို၊ အရပ်ဖက်အဖွဲ့ ၁၈ ဖွဲ့ ပေါင်းထားတဲ့ Youth for a New Society (YNS) ကလည်း ဒီစီမံကိန်းကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒေသအာဏာပိုင်တွေကတော့ ဒီ စီမံကိန်းဟာ စမ်းသပ် လုပ်နေတဲ့ သဘောသာဖြစ်ပြီး၊ ဘာကိုမှ ထိခိုက်ဆုံးရှုံးစေမှာမဟုတ်ဘူးလို့ အာမခံ ပြောနေပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းပေးပို့ထားပါတယ်။ တရုတ်နိုင်ငံ မြန်မာယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင် ဒေသမှာရှိတဲ့ဓာတ်သတ္ထု စမ်းသပ်တူးဖော်ရေးလုပ်ပိုင်ခွင့်ရသွားတဲ့အပေါ် ဒေသခံ တစ်ထောင် နီးပါးက စက်တင်ဘာလ ၃၀ရက် နံနက်ပိုင်းမှာ ကန့်ကွက်ဆန္ဒပြကြတာပါ။ ဝါးစိမ်းတောင် သတ္ထုတူးဖော်ရေးစီမံကိန်းကြောင့် […]

Continue Reading

၀ါးစိမ်းတောင်ဒေသစီမံကိန်းကန့်ကွက်ဆန္ဒပြ DPNS ရဲဘော်များ ပူးပေါင်းပါဝင်

၂၀၁၉၊ စက်တင်ဘာ ၃၀။ မုံရွာ။ ယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဝါးစိမ်းတောင်ဒေသတွင် ဆောင်ရွက်မည့် ကြေးနီနှင့်ဓာတ်သတ္တု စမ်းသပ်ရှာဖွေရေး စီမံကိန်းအား ပြည်သူ့ဆန္ဒမပါဘဲ စမ်းသပ်လုပ်ကိုင်ခွင့်ပေးသည့်အပေါ် ဒေသခံပြည်သူအင်အား ၁၀ဝ၀ ကျော်က စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၌ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ ဆန္ဒပြပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကြိုဆိုထောက်ခံကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ဆန္ဒပြပွဲတွင် ပါတီရဲဘော်များလည်း ပူးပေါင်းပါဝင်ခဲ့ပါသည်။ဝါးစိမ်းတောင်ဒေသ ဓါတ်သတ္တုတူးဖော်ရေးစီမံကိန်းအား စမ်းသပ်ခွင့်ပြုပေးမှုနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ပြန်လည်စဉ်းစားပြီး ဒေသခံလူထု၏ ဆန္ဒနှင့်အညီ ပြောင်းလဲဆုံးဖြတ်သင့်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် အဖွဲ့အစည်း ၁၈ ဖွဲ့၏ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် ဝါးစိမ်းတောင်ဒေသ စီမံကိန်းနယ်မြေဧရိယာတွင် ကျေးရွာပေါင်း ၁၂၀၊ စာသင်ကျောင်း ၈၆ ကျောင်း၊ ဘုန်းတော်ကြီး ၁၃၉ ကျောင်း၊ စိုက်ပျိုးမြေ […]

Continue Reading