ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on October 8th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် ၂၀၁၇၊ အောက်တိုဘာလ ၈ ရက်နေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်း၊ ဦးအောင်နိုင်ဦး၊ ဦးသန့်စင်တို့လည်း တက်ရောက်ခဲ့ကြပြီး ပွင့်ဖြူမြို့နယ်စည်းရုံးရေးအခြေအနေများ၊ မကွေးတိုင်းစည်းရုံးရေးကော်မတီ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on October 6th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (Economic Literacy) ရရှိချက်များ ဆွေးနွေးပွဲကို ၂၀၁၇၊ အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းက မြင်းခြံမြို့၌ ပြုလုပ်ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ၂၀၁၇ အတွင်း ပါတီက ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဌာနချုပ်ရဲဘော်များက တက်ရောက်လာသည့်ရဲဘော်များအား တင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့်ရဲဘော်များကလည်း မိမိတို့ဒေသအသီးသီးရှိ အခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဌာနချုပ်ရဲဘော်များ၊ မန္တလေး၊ မကွေး၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မြင်းခြံ၊ တံတားဦးမြို့နယ်စည်းရုံးရေးကော်မတီတို့မှ ရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on October 5th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ – Economic Literacy (ဒုတိယနေ့)ကို ၂၀၁၇ အောက်တိုဘာ ၅ ရက်နေ့တွင် မြင်းခြံမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဌာနချုပ်ရဲဘော်များ မန္တလေး မြင်းခြံ တံတားဦး မကွေး ယင်းမာပင် ဆားလင်းကြီးမြို့နယ်တို့မှရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on October 4th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ – Economic Literacy (ပထမနေ့)ကို ၂၀၁၇ အောက်တိုဘာ ၄ ရက်နေ့တွင် မြင်းခြံမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဌာနချုပ်ရဲဘော်များ မန္တလေး မြင်းခြံ တံတားဦး မကွေး ယင်းမာပင် ဆားလင်းကြီးမြို့နယ်တို့မှရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on October 1st, 2017 ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊ အမှတ်(၉)
By DPNS INFORMATION, on September 27th, 2017
A Social Democratic Asiaး Strengthening Inclusive Policy Formulation Regional Public Presentation and Experience Sharing Conference ဒုတိယနေ့ကို ၂၀၁၇၊ စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ Rose Garden ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ညီလာခံသို့ SocDem Asia အဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာ၊ ဖိလစ်ပိုင်၊ နီပေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မွန်ဂိုလီးယား၊ ပါကစ္စတန်၊ ထိုင်း အစရှိသည့်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ညီလာခံတက်ရောက်လာသည့် ကိုယ်စားလှယ်များက မိမိတို့ဒေသတွင်းအခြေအနေများ၊ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ သင်ခန်းစာများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
By DPNS INFORMATION, on September 26th, 2017
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (SNLD)တို့သည် အာရှဒေသတွင်းရှိ ဆိုရှယ်ဒီမိုကရေစီ (အာရှ) (SocDem Asia) ကွန်ယက်အဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းလျက် အားလုံးပါဝင်သော မူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်တွင် ပြုလုပ်ခဲ့
By DPNS INFORMATION, on September 25th, 2017
A Social Democratic Asiaး Strengthening Inclusive Policy Formulation Regional Public Presentation and Experience Sharing Conference ပထမနေ့ကို ၂၀၁၇၊ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ Rose Garden ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ညီလာခံသို့ SocDem Asia အဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာ၊ ဖိလစ်ပိုင်၊ နီပေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မွန်ဂိုလီးယား၊ ပါကစ္စတန်၊ ထိုင်း အစရှိသည့်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ Marie Chris Cabreros(SocDem Asia)၊ Simon Redder Thomsen(SDP)တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။ ညီလာခံတက်ရောက်လာသည့် ကိုယ်စားလှယ်များက မိမိတို့ဒေသတွင်းအခြေအနေများ၊ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ သင်ခန်းစာများကို တင်ပြဆွေးနွေးပေးခဲ့ကြပါသည်။
By DPNS INFORMATION, on September 18th, 2017
၁၉၉၈ ခုနှစ် က အင်ဒိုနီးရှားတွင် ပေါ်ပေါက်ခဲ့သည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများထဲမှ အရေးပါသည့် ဆာမန်ဂီးလှုပ်ရှားမှုနှစ်ပတ်လည် အမှတ်တရဆွေးနွေးပွဲကို ဂျာကာတာမြို့တော် ဆာမန်ကီးဒေသရှိ အက်မာဂျာယာတက္ကသိုလ်၌ ၂၀၁၇ စက်တင်ဘာ ၁၈ ရက်နေ့တွင် ဒုတိယနေ့အစီအစဉ်အဖြစ် ကျင်းပခဲ့ပါသည်။ ဆာမန်းဂီးလူထုလှုပ်ရှားမှုတွင် ကျဆုံးခဲ့သူများ နစ်နာဆုံးရှုံးခဲ့ရသူများအတွက်တရားမျတမှုကို ဘယ်လိုရှာဖွေမလဲ အတိတ်က လှုအခွင့်အရေးချိုးဖောက်ခံရမှုများအတွက် တရားမျှတမှု ဘယ်လိုရှာဖွေမလဲဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတကာဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသူကျောင်းသားများ ပညာရှင်များ ဆာမန်းဂီးလူထုလှုပ်ရှားမှုတွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များ မြန်မာ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တက်ရောက်ပြီး ၁၉၈၈ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနှင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါသည်။
By DPNS INFORMATION, on September 12th, 2017
မိမိတို့တိုင်းပြည်အတွင်းလက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အပေါ် သဘောထား ထုတ်ပြန်ချက်(၆/၂၀၁၇)
|