ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲ သတင်းမီဒီယာများတွင် ဖော်ပြချက်များ

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၇၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၂၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များသို့ ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို အမြင်သဘောထားဖလှယ်မှုများ၊ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းခရီးစဉ်မှ တွေ့ရှိချက်များအား ၂၇၊ ၆၊ ၂၀၁၉ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ပုံနှိပ်သတင်းမီယာများတွင် သတင်းစာ ရှင်းလင်းပွဲအကြောင်း ဖော်ပြပါရှိချက်များအား စုစည်းဖော်ပြလိုက်ပါသည်။

Continue Reading

စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ နိုင်ငံရေးစကားဝိုင်း စံတော်ချိန်သတင်းဌာန၏ ဖော်ပြချက်

၂၊ ဇွန်၊ ၂၀၁၉ နေ့တွင် ပြုလုပ်ကျင်းပသော ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် စကားဝိုင်းဆွေးနွေးပွဲ စံတော်ချိန် သတင်းဌာန၏ သတင်းဖော်ပြချက်

Continue Reading

တပ်မတော်က နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ်များ၌ ပတ်သက်နေမှုမှ အမြန်ဆုံးဆုတ်ခွာသင့်ဟု အဖွဲ့အစည်း ၁၀ဝ ကျော်တိုက်တွန်း

အခြေခံဥပဒေပြင်ဆင်ရေးတွင် ပူးပေါင်းပါဝင်ရန်နှင့် တစ်ပြည်လုံးအပစ်ရပ်စဲရေး ဆောင်ရွက်ရန် တောင်းဆို Mon, 2019-06-03 04:18, 7 Day News တပ်မတော်သည် တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ်များ၌ ဆုပ်ကိုင်ပတ်သက်နေမှုများမှ အမြန်ဆုံးဆုတ်ခွာပြီး နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးတာဝန်ကို နိုင်ငံတော်အစိုးရလက်အောက်တွင် ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်စေလိုကြောင်း နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်း ၁၀ဝ ကျော်က ကြေညာချက် ထုတ်ပြန်သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့ (UNA)အပါအဝင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့ များ စုစုပေါင်းအဖွဲ့အစည်း ၁၂၂ ဖွဲ့မှ ကိုယ်စားလှယ်များသည် ယမန်နေ့ (ဇွန်လ ၂ ရက်) က ရန် ကုန်မြို့၌ တွေ့ဆုံပြီး စစ်ပွဲများ ရပ်ဆိုင်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် […]

Continue Reading

“စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်း ကျင်းပပြုလုပ်

“စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်းကို ၂၀၁၉၊ ဇွန်လ၊ ၂ ရက် နေ့လည် ၁းဝ၀ နာရီမှ ၄းဝ၀ နာရီအထိ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၉၊ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အဆက်အဖြစ် ကျင်းပခြင်းလည်းဖြစ်သည်။ဤစကားဝိုင်းကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ UNA၊ မှိုင်းငြိမ်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ UNDO၊ လူ့ဘောင်သစ်လူငယ်၊ SYCB၊ ကရင်အမျိုးသမီးအစည်းအရုံး၊ DPW၊ SDUF အစရှိသည့် အဖွဲ့အစည်းများက ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။ (၁) ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွါးနေသော စစ်ပွဲများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်စဲသွားစေရန်၊(၂) စားပွဲဝိုင်းတွင် နိုင်ငံရေးအရ တန်းတူရည်တူ လွတ်လွတ်လပ်လပ် […]

Continue Reading

စစ်ပွဲများရပ်တန့်သွားစေရေးဖက်ဒရယ်စနစ်ကိုလက်တွေ့ပေးရန်လိုအပ်ဟုရှေ့နေဦးကြီးမြင့်ပြော

2 June 2019 ၊ အကုန်သိသတင်းဌာန။ ပြည်တွင်းစစ်ပွဲများရပ်တန့်သွားစေရန် ဖက်ဒရယ်စနစ်ကို ပါးစပ်ပြောဖြင့် ပေးနေမည့်အစား လက်တွေ့ပေးရန် လိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရာမခရစ်သျှနာခန်းမ၌ ဇွန်လ ၂ ရက်က ပြုလုပ်သော ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် (စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရဆွေးနွေးအဖြေရှာ) နိုင်ငံရေးစကားဝိုင်းတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ “ သြဇာရှိတဲ့အာဏာရှိတဲ့၊ အင်အားကြီးတဲ့သူတွေဟာ ပိုပြီးတော့သဘောထားကြီးစွာနဲ့ စရပ်ဖို့ကြေညာရမယ်။ ဒီလိုပဲ ကျွန်တော်တို့ကတော့ ထပ်ပြီးတော့တောင်းဆိုရမှာပဲ။ နောက်တစ်ခုက အဖြေက ကျွန်တော်တို့ တွေ့တာကတော့ ဖက်ဒရယ်ပေးမယ်လို့ပြောနေတယ်။ ပါးစပ်နဲ့ပေးမနေနဲ့ တကယ်လက်တွေ့ပေးပစ်လိုက်၊ လက်တွေ့ပေးလိုက်ရင် အဲဒါဟာအဖြေပဲ။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ တိုင်းနဲ့ပြည်နယ်က ပုဂ္ဂိုလ်တွေက သူ့အလုပ်နဲ့သူ လုပ်သွားလိမ့်မယ်။ ဖက်ဒရယ်အတွက် အခြေခံဥပဒေတွေ သူတို့ဆွဲကြလိမ့်မယ်။ နောက်ဆုံးမှာ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အောက်မှာ အားလုံးက […]

Continue Reading

AA အဖွဲ့ကို တန်းတူဆွေးနွေးခွင့်ပြုပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရန် လိုအပ်သည်ဟု ဆို

Newsweek ၊ ၆၊ ဇွန်၊ ၂၀၁၉။ ကြာသပတေး။ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် သဘောထားကြီးစွာထားပြီး AA အဖွဲ့ကို တန်းတူအသိအမှတ်ပြုကာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသင့်ကြောင်း ရခိုင်ဒေသခံဖြစ်သူ ဝံဖက်ဖောင်ဒေးရှင်း ရခိုင်ပြည်၏ အမှုဆောင်ဒါရိုက်တာ ခိုင်ကောင်းစံက ဇွန် ၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်၊ စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ဟူသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ ယင်းနိုင်ငံရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူ ခိုင်ကောင်းစံက ယင်းကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။ “ကျန်းမာရေးနဲ့ ပညာရေးတွေမှာ […]

Continue Reading

ရခိုင် အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် – အပိုင်း (၁) 7 Day သတင်းဌာန၏ ဖော်ပြချက်

ဇွန် – ၃ ၊ ၂၀၁၉ ။ ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်ဆိုတဲ့ နိုင်ငံရေးစကားဝိုင်းတစ်ရပ်ကို မနေ့က ဇွန် ၂ ရက်က ကျင်းပခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေ အပါအဝင် ရခိုင်ဒေသမှာ စစ်ပွဲတွေရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာနိုင်ဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။ ဆွေးနွေးပွဲမှာတော့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေဖြစ်တဲ့ ဥပဒေပညာရှင် ဦးကြီးမြင့်၊ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိူး ၊ SNLD ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်၊ ဝံလက်ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံတို့က ဝင်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးပိုင်းကို နှစ်ပိုင်းခွဲကျင်းပခဲ့ပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်းကိုတော့ ဆွေးနွေးသူတွေက တစ်ဦးကို ဆယ်မိနစ်စီ ဆွေးနွေးခဲ့ကြပြီး ပွဲကိုတက်ရောက်လာသူတွေက အပြန်အလှန်မေးခွန်းတွေ မေးမြန်းခဲ့ကြတာပါ။ ပထဦးဆုံးအနေနဲ့ ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် ဆွေးနွေးခဲ့တဲ့ […]

Continue Reading

မြောက်ဦးဒေသ စစ်မဲ့ဇုန်သတ်မှတ်ရေး အပါအဝင် တစ်ပြည်လုံးရှိ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းရန် အဖွဲ့အစည်း ၁၀ဝ ကျော်တောင်းဆို

Mon, 2019-06-03 04:18, စံတော်ချိန်သတင်းစာ ရခိုင်ပြည်နယ် မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ကြေညာပေးရန်အပါအဝင် တစ်ပြည်လုံးရှိ စစ်ရေးလှုပ်ရှားမှုများအား ရပ်ဆိုင်း ပေးရန် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော အဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်က ဇွန် ၂ ရက်တွင် တောင်းဆိုလိုက်သည်။ ”ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်၊ စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ဟူသောခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အဖွဲ့အစည်း ပေါင်း ၁၀ဝ ကျော်၏ ပူးတွဲသဘော ထားထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းသဘောထား ကြေညာချက်တွင် တစ်ပြည်လုံးထိုး၊ တိုက်စစ်၊ စစ်ရေးလှုပ်ရှားမှုများအားလုံး (တပ်မတော်ဘက်က အစပြုပြီး) ရပ်ဆိုင်းရန်၊ ဃြဗ […]

Continue Reading

ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့ဝင်များ၏ မြောက်ဦးဒေသခရီးစဉ်

၂၀၁၉၊ ဇွန် ၂၀၊ မြောက်ဦး။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် အဖွဲ့ဝင်များသည် ၂၀၊ ၆၊ ၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်းနှင့် မြို့သစ်ဘကကျောင်းတို့ရှိ စစ်ရှောင်စခန်းများသို့ သွားရောက်ခဲ့ကြပါသည်။ စခန်းတာဝန်ခံဆရာတော်များနှင့် စစ်ဘေးဒုက္ခသည်များက ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် စားသောက်နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးအခက်အခဲများ၊ ဘောင်းဒွတ်ကျေးရွာအတွင်း လက်နက်ကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားများ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုအခြေအနေများကို ရှင်းပြခဲ့ကြပါသည်။နေ့လည်ပိုင်းတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များက မြောက်ဦးဒေသ၏ ထူးခြားချက်များ၊ မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်နိုင်စေရန် ကြိုးစားဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အတားအဆီး၊ အခက်အခဲများ၊ လက်ရှိ စစ်ရေးအခြေအနေကြောင့် အမွေအနှစ်စာရင်းဝင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေဖြစ်နေကြောင်းတို့ကို ရှင်းပြခဲ့ကြပါသည်။ ထို့နောက် […]

Continue Reading

ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်ဆိုတဲ့ လေ့လာရေးခရီးစဉ်

၂ဝ၁၈ ဒီဇင်ဘာကနေ ၂ဝ၁၉ ဧပြီလကုန်အထိ မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲပေါင်း ၁၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ၁ဝ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ကမာရွတ်မီဒီယာ ၂၇၊ ဇွန်၊ ၂၀၁၉။

Continue Reading