ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာတွင် ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ကော်မတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ၌ ဇွန် ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်းခေါင်းစဉ်များ၊ လုပ်ပိုင်ခွင့်အာဏာများခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၏ အရေးပါမှု၊ ဘဏ္ဍာငွေကြေးနှင့်သယံဇာတများ စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ DPNS မြင်းခြံနှင့် တံတားဦးရဲဘော်များ၊ YNS ရဲဘော်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံ တောင်သူလယ်သမားများ၊ လယ်သမားအရေးဆောင်ရွက်သူများ စုစုပေါင်း ၁၀ဝ ကျော် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

Continue Reading

DPNS မန္တလေးတိုင်း ပါတီကော်မတီဖော်ဆောင်ရေး ဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မန္တလေးတိုင်းပါတီကော်မတီ ဖေါ်ဆောင်ရေးနှင့် ပါတီတိုင်းရုံး ဖြစ်မြောက်ရေးအတွက် ပါတီအထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ဒေသတွင်းရှိ ပါတီဗဟိုကော်မတီဝင်များ၊ မြင်းခြံ တံတားဦးဒေသခံ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ တိုင်ပင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ (လေးရွာဆုံကျေးရွာ – ၂၀၊ ၆၊ ၂၀၁၉)

Continue Reading

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာတွင် ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ကော်မတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာ၌ ဇွန် ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာများခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၏ အရေးပါမှု၊ ဘဏ္ဍာငွေကြေးနှင့် သယံဇာတများ စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ DPNS ရဲဘော်များ၊ YNS ရဲဘော်များ၊ မြင်းခြံခရိုင်ဗကသ ရဲဘော်များ၊ ဒေသခံ လယ်သမားများ စုစုပေါင်း ၁၀ဝ ကျော် ဆွေးနွေးပွဲတက်ရောက်၍ စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

“ ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည် ” ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သွားရောက်

ဇွန်၊ ၁၈၊ ၂၀၁၉။ စစ်တွေမြို့။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ၂၀၁၉၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်းကောင်း၊ “စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ၂၀၁၉၊ ဇွန်လ ၂ ရက်နေ့တွင်လည်းကောင်း ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီ(DPNS)၊ လူ့ဘောင်သစ်လူငယ်(YNS)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမျာအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ် ၁၄ ဦး ပါဝင်သည့်အဖွဲ့သည် ဇွန်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ်ကို သွားရောက်ခဲ့ကြပါသည်။ လေ့လာရေးအဖွဲ့သည် […]

Continue Reading

၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ

ဧရာဝတီ၊ ဇွန် ၁၃၊ ၂၀၁၉ “၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ” ခေါင်းစဉ်ဖြင့် DPNS ဥက္ကဌ ဦးအောင်မိုးဇော်နှင့် SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်တို့၏ ဆွေးနွေးချက် ရိုက်ကူး – ကျန်ကျောင်း၊ ကျော်သူရတည်းဖြတ် – ကျော်သူရ

Continue Reading

မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၉၊ ဇွန်လ ၁၂ ရက်နေ့တွင် Hilton Mandalay ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ ရွေးကောက်ပွဲကော်မရှင်၊ DIPD နှင့် EU တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပထမအကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးသန့်စင်နှင့် မန္တလေးတိုင်း စည်းရုံးရေးကော်မတီဝင် ဦးဇော်ဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် ရာပြည့်အကြိုအခမ်းအနား တက်ရောက်

(၉၊ ၆၊ ၂၀၁၉။ ရန်ကုန်။) ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် ရာပြည့်အကြို အခမ်းအနားကို ၂၀၁၉၊ ဇွန်လ၊ ၉ ရက်နေ့က ရန်ကုန်မြို့၊ စာပေဗိမာန်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆရာဗန်းမော်တင်အောင် ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီက စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။ ဆရာဗန်းမော်တင်အောင်၏ မိသားစုဝင်များ၊ စာပေနှင့်နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဆရာ့အား ချစ်ခင်လေးစားကြသူများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ခရစ်ယာန်သင်းအုပ်ဆရာတော် ဦးကျော်ညွန့်၊ ကိုကိုးကျွန်းပြန်နိုင်ငံရေး ရဲဘော်များကိုယ်စား ဦးကျော်စိုး၊ ဗန်းမော်တင်အောင်ရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီကိုယ်စား ဆရာကိုလေးမြတ်၊ ရာပြည့်အထိမ်းအမှတ် ဗိမာန်ဆောက်လုပ်ရေးကော်မတီကိုယ်စား ကိုရန်ပိုင်စိုး၊ သားဖြစ်သူ ဦးဗဟိန်းအောင်တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြသည်။ ဆရာဦးအံ့မောင်၏ ကဗျာကို ဆရာမိုဃ်းဇော်က ရွတ်ဆိုဂုဏ်ပြုခဲ့ပါသည်။ဆရာဗန်းမော်တင်အောင်သည် ဂျပန်တော်လှန်ရေးကာလမှစတင်၍ မြန်မာ့လွတ်လပ်ရေး၊ ဖက်ဆစ်နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက် စာပေလက်နက်ဖြင့် ဆက်လက်တိုက်ပွဲဝင်ခဲ့သူ […]

Continue Reading

သြစတြေးလျလေဘာပါတီက ကြီးမှူးပြုလုပ်သော အမျိုးသမီးကိုယ်စားလှယ်လောင်းများဆိုင်ရာ သင်တန်း တက်ရောက်

သြစတြေးလျနိုင်ငံ၊ ကဲန်းမြို့တွင် သြစတြေးလျလေဘာပါတီက အိမ်ရှင်အဖြစ် ကြီးမှူးပြုလုပ်သော အမျိုးသမီးကိုယ်စားလှယ်လောင်းများဆိုင်ရာသင်တန်းကို ၂၀၁၉၊ ဇွန်လ ၆ ရက်မှ ၇ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းအစီအစဉ်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒု ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခင်စော ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးတို့ တက်ရောက်ခဲ့ကြပါသည်။ ထိုသင်တန်းတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နန်းခင်စောက ရွေးကောက်ပွဲအတွေ့အကြုံများအားလည်းကောင်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက “ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက Empowering Women- what more can we? ခေါင်းစဉ်ဖြင့်လည်းကောင်း အမျိုးသမီးကိုယ်စားလှယ်လောင်းဆိုင်ရာ အမြင်သဘောထားများအား တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ သြစတြေးလျ လေဘာပါတီ နှင့် […]

Continue Reading

နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး နယ်ပယ်က တပ်မတော် ဆုတ်ခွာမလား (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၆၊ ၂၀၁၉ တပ်မတော်သည် တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး နယ်ပယ်များ၌ ဆုပ်ကိုင် ပတ်သက်နေမှုများမှ အမြန်ဆုံး ဆုတ်ခွာပြီး နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး၊ ကာကွယ်ရေး တာဝန်ကို နိုင်ငံတော် အစိုးရလက်အောက်တွင် ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်ရန် အတွက် နိုင်ငံရေးပါတီများ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၂၂ ဖွဲ့က ဇွန် ၂ ရက်နေ့တွင် သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ယခုတပတ် Dateline Irrawaddy အစီအစဉ်တွင် ထိုသဘောထား ကြေညာချက် ပူးပေါင်းထုတ်ပြန်ခဲ့သော အဖွဲ့များထဲမှ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) မှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေး၊ ပြည်ထောင်စု ရှေ့နေများနှင့် […]

Continue Reading

၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှု ၄၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား တက်ရောက်

၄၅ နှစ်မြောက် မဆလ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျ စားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ကိုကိုးကျွန်းပြန်နိုင်ငံရေးရဲဘော်များ၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗကသများအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အစရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။ ဓာတ်ပုံ- ကိုထွန်းဝင်းငြိမ်း နှင့် ဧရာဝတီသတင်းဌာန

Continue Reading