ဒီမိုကရေစီအခြေအနေများ ပိုမိုပြည့်စုံမှသာ တိုင်းပြည်တခုလုံး၏ လုံခြုံရေးကို အာမခံနိုင်လိမ့်မည်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၈ / ၂၀၁၉)

Continue Reading

ကရင့်ခေါင်းဆောင်များ၏ ရုံးထုတ်သို့ သွားရောက်ဝန်းရံ

၂၀၁၉၊ စက်တင်ဘာ ၂၇။ ရန်ကုန်။ ကရင့်အာဇာနည်နေ့ကျင်းပမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည့် နော်အုန်းလှ၊ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ကို စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျောက်တံတားတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပါသည်။ မိမိတို့အနေဖြင့် တရားဥပဒေနှင့်အညီ လုပ်ဆောင်ထားခဲ့ခြင်းကို ယခုကဲ့သို့ ဖမ်းဆီးတရားစွဲဆိုခြင်းသည် ဖိနှိပ်မှုသက်သက်ဖြစ်သဖြင့် တရားခွင်တွင် မည်သို့မျှ လျှောက်လဲချက်ပေးစရာမလိုကြောင်း တရားစွဲဆိုခံရသူများက ပြောကြားကြသည်။ ရုံးထုတ်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုများ၊ ဒေသအသီးသီးမှ ကရင်တိုင်းရင်းသားများ၊ ကရင့်ခေါင်းဆောင်များ၊ တိုင်းရင်းသားလူငယ်များ၊ တက်ကြွလှုပ်ရှားသူများ သွားရောက်ဝန်းရံခဲ့ကြပါသည်။ တိုင်းရင်းသားအခွင့်အရေးများအား အသိအမှတ်ပြုလေးစားရန်နှင့် ဖမ်းဆီးတရားစွဲဆိုခံနေရသူများအား ချက်ချင်းလွှတ်ပေးရန် မိမိတို့ပါတီ၏သဘောထားကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းက သတင်းမီဒီယာများအား ပြောကြားခဲ့ပါသည်။

Continue Reading

ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးမှတ်တမ်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးမှတ်တမ်း ၁၉ – ၂၀ ဒီဇင်ဘာ၊ ၂၀၁၈။ Pdf ဖိုင် ရယူရန် – DPNS ပထမအကြိ်မ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးမှတ်တမ်း

Continue Reading

မအူပင်၊ မလက်တိုကျေးရွာအုပ်စုလယ်သမားများ၏ သတင်းစာရှင်းလင်းပွဲ

၂၀၁၉၊ စက်တင်ဘာ၊ ၂၆။ ရန်ကုန်။ မအူပင် မလက်တိုကျေးရွာအုပ်စုလယ်သမားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် စက်တင်ဘာ ၂၆ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဒေသရှိ လယ်ယာမြေများကို ၁၉၉၉ ခုနှစ်တွင် ရေနက်ကွင်းဖော်ထုတ်မည်ဟုဆိုကာ သိမ်းယူခဲ့ပြီး ၂၀ဝ၃၊ ၂၀ဝ၄ တွင် Orchard Company ကို ဧက ၁၀ဝ၀၊ နှစ် ၃၀ လုပ်ကိုင်ခွင့်ဂရံ ထုတ်ပေးခဲ့ကြောင်း၊ သိမ်းဆည်းခံမြေများအနက် ဘိုးဘွားပိုင်ဆိုပြီး ၄၅၀ ဧက ပြန်ရခဲ့ကြောင်း၊ ၅၅ဝ ဧက အသိမ်းခံရသည့် လယ်သမားများအနက် အယောက် ၄၀ တရားစွဲခံနေရပြီး ၁၁ ဦးထောင်ကျခဲ့ကြောင်း၊ သက်ကြီးရွယ်အိုများပါ ပါဝင်ကြောင်း သိရပါသည်။ အသိမ်းခံရသည့် လယ်သမားများလက်ဝယ်ရှိ ပြေစာများကို ကျေးရွာအုပ်ချုပ်ရေးအာဏာပိုင်များက လဲပေးမည်ဟုပြောပြီး သိမ်းယူသွားခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက်မှစ၍ […]

Continue Reading

MCE Rainbow ဆပ်ပြာစက်ရုံသပိတ် စာနယ်ဇင်းရှင်းလင်းပွဲ

၂၀၁၉၊ စက်တင်ဘာ၊ ၂၅။ ရန်ကုန်။ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံ (၁)ရှိ MCE Rainbow ဆပ်ပြာစက်ရုံ သပိတ်စခန်းတွင် ၂၅၊၉၊၂၀၁၉ ရက်နေ့ နံနက် ၁၀းဝ၀ နာရီ၌ စာနယ်ဇင်းရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုနှင့် သတင်းဋ္ဌာနများ တက်ရောက်ခဲ့ကြပါသည်။သပိတ်ကို ၂၂၊ ၈၊၂၀၁၉ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့ဆိုလျှင် ၃၄ ရက်တိတိ ရှိပြီဖြစ်ကြောင်း၊ တောင်းဆိုချက် (၁၃) ရပ် တောင်းဆိုထားကြောင်း၊ အလုပ်ရှင်ဘက်မှ လူမိုက်များငှား၍ ခြိမ်းခြောက်ခိုင်းခြင်း၊ လုံခြုံရေးများ တိုးမြှင့်ချထားခြင်း၊ ခွေးများခေါ်ယူလာပြီး ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ပြီး သပိတ်ကို နှောက်ယှက်နေကြောင်း၊ ၂၂၊၉၊၂၀၁၉ ရက်နေ့အထိ စက်ရုံပိုင်ရှင်ဘက်နှင့် သပိတ်တိုက်ပွဲဝင်များကြားတွင် ၅ ကြိမ် […]

Continue Reading

အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲ ၂၉ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား

၂၀၁၉၊ စက်တင်ဘာ ၂၅။ M 3 Food Center ၊ ရန်ကုန်။ ၁၉၉၀၊ စက်တင်ဘာ၊ ၂၅ အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ M 3 Food Center ၌ ပြုလုပ်ခဲ့ပါသည်။ သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သည့် DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်၍ အမှတ်တရစကား ပြောကြားခဲ့ပါသည်။ ၁၉၉၀ ခုနှစ်၊ မေလတွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက အနိုင်ရပါတီအား အာဏာမအပ်သည့်အတွက် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍ ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။ သပိတ်တိုက်ပွဲကို အာဏာပိုင်များက ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး […]

Continue Reading

“၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်” ရှင်းလင်းဆွေးနွေးပွဲ

၂၀၁၉၊ စက်တင်ဘာ၊ ၂၄။ ရန်ကုန်။=====================================ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE)က “၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်”စာအုပ်တွင် ဖော်ပြထားသည့် သုတေသနဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည့်အစီအစဉ်ကို UNA ရုံး၌ ပြုလုပ်ခဲ့ရာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)အဖွဲ့ဝင်ပါတီများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းစာအုပ်တွင် လက်ရှိမြန်နိုင်ငံအနေအထား အပါအဝင် သုတေသနတွေ့ရှိချက်များအား အခန်း ၁၀ ခန်းခွဲ၍ တင်ပြထားပါသည်။

Continue Reading

ကရင့်အာဇာနည်နေ့ကျင်းပမှုဖြင့် ဖမ်းဆီးခံနေရသူများအား သွားရောက်ဝန်းရံ

၂၀၁၉၊ စက်တင်ဘာ ၂၄။ ရန်ကုန်။ ကရင့်အာဇာနည်နေ့ကျင်းပမှုဖြင့် ဖမ်းဆီးခံနေရသည့် နော်အုန်းလှ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့အား ၂၀၁၉၊ စက်တင်ဘာ ၂၄ ရက်နေ့တွင် ကျောက်တံတားတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ကရင်တိုင်းရင်းသားများ၊ တိုင်းရင်းသားလူငယ်များ၊ နိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ UNA ခေါင်းဆောင်များ သွားရောက်ဝန်းရံခဲ့ကြပါသည်။ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ရန် ကြိုးပမ်းရာတွင် တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရရှိရန် အထူးလိုအပ်ပါသည်။ တိုင်းရင်းသားအသီးသီး၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ အလေးအမြတ်ပြုရာများကို အသိအမှတ်ပြုတန်ဖိုးထားရမည်ဖြစ်သည်။ ကရင်အမျိုးသားတို့ အလေးအမြတ်ထားသည့် ကရင့်အာဇာနည်နေ့ ကျင်းပမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသူများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်လည်း မိမိတို့ပါတီက သဘောထား ထုတ်ပြန်ထားပါသည်။

Continue Reading

DPNS ငဖဲမြို့နယ်ကော်မတီ ဖွဲ့စည်း

စက်တင်ဘာ ၂၂၊ ၂၀၁၉။ ငဖဲ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ငဖဲမြို့နယ်ကော်မတီကို ၂၀၁၉ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အောင်မြင်စွာဖွဲ့စည်းခဲ့ပါသည်။ ကော်မတီဖွဲ့စည်းရေးအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က ပါတီဖြတ်သန်းမှုသမိုင်းကြောင်း နိုင်ငံရေးဦးတည်ချက်နှင့် လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသည့်ရဲဘော်များနှင့် ဒေသဆိုင်ရာအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ မြို့နယ်ကော်မတီကို ရွေးချယ်ဖွဲ့စည်းပြီးနောက် ကော်မတီဝင်များက ပါတီအလံကို ကိုင်ဆောင်၍ သစ္စာအဓိဋ္ဌာန် ၅ ချက် ရွတ်ဆိုအဓိဋ္ဌာန်ပြုခဲ့ကြပါသည်။ ထို့နောက် ငဖဲမြို့နယ်ကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးသို့ ပါတီဗဟိုကော်မတီဝင် ဦးအောင်နိုင်ဦး၊ ပွင့်ဖြူမြို့နယ်ကော်မတီဝင်များ၊ မင်းဘူးမြို့နယ်ကော်မတီဝင်များနှင့် ပါတီလိုလားသူများလည်း တက်ရောက်ခဲ့ကြပါသည်။

Continue Reading

၂၀၁၉ ခုနှစ် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်တွင် တက်ရောက်ဆွေးနွေး

စက်တင်ဘာ ၂၀-၂၁၊ ၂၀၁၉။ ရန်ကုန်။ WLB က စီစဉ်ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို ရန်ကုန်မြို့ Western Green Hill ဟိုတယ်၌ ၂၀၁၉ စက်တင်ဘာ ၂၀မှ ၂၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ “ငြိမ်းချမ်းရေးအတွက်အတူတကွ၊ အားလုံးအတွက် လုံခြုံရေး” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအပါအဝင် နယ်ပယ်အသီးသီးမှ အမျိုးသမီးနှင့် အမျိုးသားခေါင်းဆောင်များ ၃၀ဝ ကျော် တက်ရောက်ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဖိုရမ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ၊ ဗဟိုကော်မတီဝင် ဒေါ်မေဖြူဆွေ၊ လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌ မအိသဉ္ဇာမောင်နှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် မအေးမြတ်သန္တာတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးတွင်အမျိုးသမီးများ၊ လူငယ်များ ပိုမိုပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုများ၊ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် […]

Continue Reading