ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၁)
|
||
ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၁) ![]() ငြိမ်းစုစီဥပဒေ ပုဒ်မ(၁၉)ဖြင့် တရားစွဲဆိုခံထားရသည့် လူငယ်(၃)ဦးအမှုကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ကယားပြည်နယ်အာဏာပိုင်များက ၂၀၁၈ ဇန်နဝါရီ ၂၃ရက်နေ့တွင် အမှုရုပ်သိမ်းပေးခဲ့ပါသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ်နှင့် တစ်ပြည်လုံးမှ အရပ်ဘက်အဖွဲ့အစည်းများ လာရောက်ဝန်းရံပေးခဲ့ကြသည်။ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီဒူး ကယန်းမျိုးဆက်သစ်လူငယ်မှ ခွန်းအသန်းနှင့် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ခူးတူးရယ်တို့ လွိုင်ကော်အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာခဲ့ပြီး ကယားပြည်နယ်ကျောင်းသားများသမဂ္ဂမှ ခွန်းရဲမင်းကျော်၊ ကိုမျိုးလှိုင်ဝင်းနှင့် ခွန်းဂျွန်ပေါ၊ ကရင်နီတောင်သူလယ်သမားများသမဂ္ဂမှ ဒီးဒီနှင့် ကရင်နီပြည်လူငယ်များသမဂ္ဂမှ ခွန်းဘိုဘိုတို့ မနက်ဖြန် ၂၄ ရက်နေ့တွင် လွတ်မြောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ [Show slideshow] ![]() SocDem Asia က ဦးစီးကျင်းပသည့် Action for Gender Equality conference ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ HARRIS Vertu Hotel ၌ ဇန်နဝါရီ ၂၂ ရက်နှင့်၂၃ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Confrence သို့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ဒေါ်တင်တင်ချို (DPNS ဗဟိုစည်းရုံးရေးကော်မတီဝင်/အမျိုးသမီးလုပ်ငန်းကော်မတီ ဆက်သွယ်ရေးတာဝန်ခံ)နှင့် ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။ Confrence တွင် အမျိုးသမီးများ၏ လက်ရှိကာလ နိုင်ငံရေးပါဝင်မှုအခြေအနေကိုသုံးသပ်ခြင်း နိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီးများ ပါဝင်မှု အားနည်းရခြင်းအကြောင်းအရာများရှာဖွေခြင်း ပါဝင်မှုအားကောင်းလာစေရန် မဟာဗျူဟာမြောက်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးထက်စံက ”’ အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှုသည် ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နင်းနေမှုများနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားကို (၂၀၊ ၁၊ ၂၀၁၈) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ![]() People in Need လောကအလင်းနှင့် European Partnership for Democracy တို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်းဆိုင်ရာ အစီရင်ခံစာမိတ်ဆက်ဆွေးနွေးပွဲကိုကရင်ပြည်နယ် ဘားအံမြို့ ခွယ်ကဘောင်ခန်မ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ [Show slideshow] ![]() မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ စီစဉ်ပြုလုပ်သည့် Best Prictices on Security Sector Workshop ဒုတိယနေ့ကို ၂၀၁၈ ဇန်နဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး၊ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာနည်းနာများ အစရှိသည်တို့ကို သင်တန်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ [Show slideshow] ![]() မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ စီစဉ်ပြုလုပ်သည့် Best Prictices on Security Sector Workshop ကို ၂၀၁၈ ဇန်နဝါရီ ၁၆ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် Security Sector Reform နှင့် Defence Reform တို့ကို သင်တန်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ![]() Salween Institute for Public Policy နှင့် အမျိုးသမီးများဖွဲ့ချုပ်(မြန်မာနိုင်ငံ)တို့ ပူးပေါင်းထုတ်ဝေသည့် “ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ” မူဝါဒရေးရာစာတမ်း မိတ်ဆက်မျှဝေခြင်း အခမ်းအနားကို ၂၀၁၈၊ ဇန်နဝါရီလ၊ ၁၅ ရက် နေ့လည် ၁း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ စာတမ်းပြုစုသူများက စာတမ်းပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ထိုစာတမ်းမိတ်ဆက်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ |
||
Copyright © 2021 DPNS - All Rights Reserved.
|