မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီအစည်းအဝေးကျင်းပ

၂၀၁၉၊ စက်တင်ဘာ၊ ၁၄။ မန္တလေး။ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီအစည်းအဝေး၂၀၁၉၊ စက်တင်ဘာ၊ ၁၄ ရက်နေ့လည်ပိုင်း၌ မန္တလေးတိုင်းရုံး၌ ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတက်ရောက်လာသူများက မန္တလေးတိုင်းအတွင်း စည်းရုံးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးအပါအဝင် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

DPNS မန္တလေးတိုင်းရုံးဖွင့်ပွဲ အခမ်းအနား

၂၀၁၉၊ စက်တင်ဘာ၊ ၁၄။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မန္တလေးတိုင်းဒေသကြီး တိုင်းရုံးဖွင့်လှစ်ပွဲ အခမ်းအနားကို အောင်မြေသာစံမြို့နယ်ရှိ တိုင်းရုံးတွင် ၂၀၁၉၊ စက်တင်ဘာ၊ ၁၄ ရက်နေ့ နံနက် ၁၀းဝ၀ နာရီမှ နေ့လည် ၁၂းဝ၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ တိုင်းရုံးဖွင့်လှစ်ပွဲအခမ်းအနားသို့ ရွှေဝါရောင်ဦးဆောင်သံဃာတော်များ၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးမြို့ပေါ်ရှိ နိုင်ငံရေးပါတီများ မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ပါတီဗဟိုကော်မတီဝင်များ မန္တလေး မြင်းခြံ တံတားဦးပါတီရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းကော်မတီဥက္ကဋ္ဌ၊ လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌတို့က အဖွင့်စကား ပြောကြားပေးခဲ့ကြပါသည်။ အခမ်းအနား တက်ရောက်လာသည့် မဟာမိတ်ပါတီများနှင့် မိတ်ဖက်အဖွဲ့အစည်းခေါင်းဆောင်များကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားရာတွင် စစ်ဝါဒလွှမ်းမိုးမှု အပြီးတိုင် ဖယ်ရှားနိုင်ပြီး ဒီမိုကရေစီရေးနှောင့်နှေးနေမှု၊ ငြိမ်းချမ်းရေးအလှမ်းဝေးနေမှုတို့ကို အဆုံးသတ်ကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးအတွက် ဒီမိုကရက်တစ်အင်အားစုများ […]

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးအမြင် သုံးသပ်ချက် (၇/၂၀၁၉)

သွေးစည်းချစ်ကြည်မှုဖြင့်သာ အောင်ပွဲဆင်နိုင်မည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးအမြင် သုံးသပ်ချက် (၇/၂၀၁၉)

Continue Reading

ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

၇- ၉- ၂၀၁၉။ ရန်ကုန်။ ပုဇွန်တောင်မြို့နယ်ရှိ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (YSPS)၏ အစည်းအဝေးခန်းမတွင် ၇၊၉၊၂၀၁၉ ရက်နေ့ နံနက် ၉း၃၀ နာရီမှ ညနေ ၃း၃၀ နာရီအထိ အလုပ်ရုံဆွေးနွေးပွဲတခုပြုလုပ်ရာ ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်း တက်ရောက်ခဲ့ပါသည်။ဆွေးနွေးပွဲသည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)တို့ကို လေ့လာကြပြီး မူကြမ်းအတိုင်း ထားသင့်သည်များ၊ ပြင်ဆင်ဖြည့်စွက်လိုသည်များ၊ ဖြုတ်ချပယ်ဖျက်လိုသည်များ၊ သီးခြားအကြံပြု ဖြည့်စွက်လိုသည်များကို ဆွေးနွေးစုစည်းကြခြင်း ဖြစ်ပါသည်။ဆွေးနွေးပွဲကို ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (YSPS)က ကမကထပြု ဖိတ်ကြားဆောင်ရွက်ခြင်းဖြစ်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင်အဖွဲ့အစည်းများ၊ Myanmar Legal Aid Network(MLAW)၊ […]

“ငြိမ်းချမ်းရေးကို တကယ်လုပ်ပါ။ လူထုကို မလှည့်စားပါနဲ့’’

[လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် – ၆/၂၀၁၉] စစ်ပွဲတွေ ချက်ချင်းရပ်ပါ၊ ထိုးစစ်၊တိုက်စစ်တွေ ချက်ချင်းရပ်ပါ၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာပါလို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတယ်။ ရခိုင်ပြည်သူတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ခံစားနေရတဲ့ဒုက္ခတွေအတွက် သမ္မတကြီး ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက် ဖြေရှင်းပေးပါလို့ နိုင်ငံရေးပါတီတွေနဲ့ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေက အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ ဘာတုန့်ပြန်မှုမှ မရခဲ့ဘူး။ စစ်ပွဲတွေ ပိုကြမ်းလာတယ်၊ အင်တာနက် လိုင်းတွေ ဖြတ်ပစ်လိုက်တယ်။ စစ်တားဆီးရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံရတယ်။ ရခိုင်ပြည်မြောက်ပိုင်းကလူထုတွေ ပိုပြီး ထိခိုက်သေကျေလာပြီး စစ်ဘေးဒုက္ခသည်တွေသာ ပိုပိုပြီး တိုးပွားလာခဲ့တယ်။ တပ်က စစ်ပွဲတွေကို ရခိုင်ပြည်မြောက်ပိုင်းစစ်မျက်နှာမှာ ကြမ်းသည်ထက် ကြမ်းပြလာတာကြောင့် ရှမ်းပြည် မြောက်ပိုင်းစစ်မျက်နှာ စပေါ်လာခဲ့တယ်။ အလားတူပဲ ရှမ်းပြည်မြောက်ပိုင်းမှာလည်း အရပ်သားတွေ ထိခိုက်သေကျေ ဖြစ်ကြရတယ်။ သြဂုတ် ၁၅ […]

Continue Reading

မအူပင်၊ မလက်တိုကျေးရွာအုပ်စုလယ်သမားများ၏ သတင်းစာရှင်းလင်းပွဲ

၂၀၁၉၊ စက်တင်ဘာ၊ ၂၆။ ရန်ကုန်။ မအူပင် မလက်တိုကျေးရွာအုပ်စုလယ်သမားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် စက်တင်ဘာ ၂၆ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဒေသရှိ လယ်ယာမြေများကို ၁၉၉၉ ခုနှစ်တွင် ရေနက်ကွင်းဖော်ထုတ်မည်ဟုဆိုကာ သိမ်းယူခဲ့ပြီး ၂၀ဝ၃၊ ၂၀ဝ၄ တွင် Orchard Company ကို ဧက ၁၀ဝ၀၊ နှစ် ၃၀ လုပ်ကိုင်ခွင့်ဂရံ ထုတ်ပေးခဲ့ကြောင်း၊ သိမ်းဆည်းခံမြေများအနက် ဘိုးဘွားပိုင်ဆိုပြီး ၄၅၀ ဧက ပြန်ရခဲ့ကြောင်း၊ ၅၅ဝ ဧက အသိမ်းခံရသည့် လယ်သမားများအနက် အယောက် ၄၀ တရားစွဲခံနေရပြီး ၁၁ ဦးထောင်ကျခဲ့ကြောင်း၊ သက်ကြီးရွယ်အိုများပါ ပါဝင်ကြောင်း သိရပါသည်။ အသိမ်းခံရသည့် လယ်သမားများလက်ဝယ်ရှိ ပြေစာများကို ကျေးရွာအုပ်ချုပ်ရေးအာဏာပိုင်များက လဲပေးမည်ဟုပြောပြီး သိမ်းယူသွားခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက်မှစ၍ […]

Continue Reading