လီဆူလူငယ်အစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်းကို ကြိုဆို ဂုဏ်ပြုသော သဝဏ်လွှာ
လီဆူလူငယ်အစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်းကို ကြိုဆို ဂုဏ်ပြုသော သဝဏ်လွှာ ၁။ လီဆူလူမျိုးများ၏ လူနည်းစုအခွင့်အရေး၊ တန်းတူရေး၊ တရားမျှတမှုနှင့် မိမိတို့အမျိုးသားများ၏ ကံ ကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ရေးတို့အတွက် လီဆူလူငယ်အစည်းအရုံး (Lysu Youth Congress – LYC) ဖွဲ့စည်း တည်ထောင်ပြီးစီးကြောင်း ကြေညာခြင်းအား ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။၂။ လီဆူလူငယ်အစည်းအရုံးအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက်လည်းကောင်း၊ လူမျိုးစုံ ပြည်သူ တရပ်လုံးကို ဂုတ်သွေးစုပ် အမြတ်ထုတ်နေသော အရင်းရှင်စနစ်နှင့် လူမျိုးရေး၊ ဘာသာရေး၊ လိင်စိတ် ခံယူမှု ကွဲပြားမှုတို့အပေါ် ခွဲခြားဆက်ဆံသော ဖိနှိပ်မှုများကို ဆန့်ကျင်တိုက်ဖျက်ရေးအတွက်လည်းကောင်း ရည် ရွယ် ဦးတည်သည့်အကြောင်းကို သိရှိရသည့်အတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လေးစား ဂုဏ်ယူပါကြောင်းလည်း ဖော်ပြအပ်ပါသည်။၃။ မည်သည့်လူမျိုးတွင်မဆို လူငယ်မျိုးဆက်ဟူသည် အခရာကျသော အင်အားစုဖြစ်သဖြင့် […]
Continue Reading