ဩဂုတ်လထုတ် လူ့ဘောင်သစ်စာစဥ် ထွက်ပြီ။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ လူထုဆက်ဆံရေးကော်မတီက ထုတ်ဝေတဲ့ ဩဂုတ်လ ထုတ် လူ့ဘောင်သစ်-စာစဥ် အတွဲ-၄ အမှတ်- ၂ ယခုတပတ် ဖတ်ရှုရမှာတွေကတော့ – ဒီလစကား ‘’တိုက်ပွဲကာလနဲ့ စည်းရုံးရေးစည်းကမ်း’’ လွန်းနွေငြိမ်း ရဲ့ စစ်ကောင်စီရွှေ့လာနိုင်တဲ့ အကွက်နှစ်ကွက် ( ဆောင်းပါး ) စောဝင်း ရဲ့ တနှစ်ခွဲသို့ ပြန်လှည့်ကြည့်ခြင်း ( ဆောင်းပါး ) ကြယ်စင်မြစ် ရဲ့ တောစကား တောင်စကား အာဇာနည်တွေနေတဲ့ တိုင်းပြည် ( ဆောင်းပါး) ၂၀၂၂ ဇူလိုင် နှင့် ဩဂုတ်လ အတွင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်များ၏ မြေပြင်သပိတ်ပါဝင်မှုများ (ဓာတ်ပုံ)_ ________________________________ အတွဲ ၄ – အမှတ် ၂ ကို ဒေါင်းလုပ်ရယူရန် ဖုန်းနဲ့ […]

Continue Reading

DPNS, YNS ရဲဘော်များ ပြောက်ကျားသပိတ်တွင်ပူးပေါင်းပါဝင်

‘ပြည်သူ့လက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်” ဩဂုတ် ၂၉၊ ရန်ကုန်။ ရန်ကုန်မြို့လယ်ခေါင်တွင် လူအင်အား အလုံးအရင်းဖြင့် ချီတက် ဆန္ဒပြ လူ့ဘောင်သစ်လူငယ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များပူးပေါင်းပါဝင် “လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက်” ဟူသော စာသားကိုကိုင်စွဲ၍ လူထုလှုံ့ဆော်ရေးပြုလုပ်သည့် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မြို့နယ်သပိတ်ကော်မတီများ၊ ကျောင်းသားသမဂ္ဂများနှင့်အတူ အထွေထွေသပိတ် ကော်မတီ General Strikes Committee တို့ပူးပေါင်းပြီး ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ခင်းက ပြုလုပ်ခဲ့ကြပါတယ်။

Continue Reading