ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ
၁။ (၃၊ ၁၊ ၂၀၂၄) နေ့တွင် ကျင်းပမည့် ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်သို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူ ကြိုဆိုပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။
၂။ ၂၀၂၃၊ မေလတွင် ပထမအကြိမ် ဖိုရမ် ကျင်းပစဉ်ကပင် မိမိတို့ ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများအကြား အကျယ်ပြန့်နိုင်ဆုံး စုဆုံဆွေးနွေးကြလျက် “ဘုံတူညီသော လုပ်ငန်းစဉ်များ၊ သဘောထားများကို ရှာဖွေစုစည်းကြရန် အားထုတ်မှုတရပ်” အဖြစ် မိမိတို့ပါတီက ကြိုဆို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။
၃။ နွေဦးတော်လှန်ရေး၏ ကနဦးကာလကပင်လျှင် ပြည်သူ့ခုခံစစ်ကို စတင်နိုင်ခဲ့သော စစ်ကိုင်းဒေသပြည်သူများအား မိမိတို့ပါတီက အထူး လေးမြတ်ဂုဏ်ယူစွာ မှတ်တမ်းတင်ထားမည်ဖြစ်သကဲ့သို့ အဆွေတို့ ဖိုရမ် ဖြစ်မြောက်ရေးကော် မတီအနေဖြင့် ယခုကဲ့သို့ ပြင်းထန်ခက်ခဲသည့် စစ်ပွဲကာလ ၈ လတာအတွင်း ဒုတိယအကြိမ် စုဆုံဆွေးနွေးနိုင်ရေး အား ထုတ်မှုကိုလည်း လေးစားစွာ အသိအမှတ်ပြုပါသည်။
၄။ ယခု တော်လှန်စစ်ကာလ ပြင်းထန်ခက်ခဲ ရှုပ်ထွေးနေစဉ်အခိုက် မိမိတို့ ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများ အကြား ဘုံတူညီသော လုပ်ငန်းစဉ်များ၊ သဘောထားများကို ရှာဖွေစုစည်းကြရန် အားထုတ်မှုသည် နွေဦးတော်လှန် ရေးအတွက် ပိုမိုကောင်းမွန်သော အရွေ့သစ်ဆီ ဆောင်ကျဉ်းပေးနိုင်မည်ဟု ယုံကြည် မျှော်လင့်မိပါကြောင်းဖြင့်လည်း မိမိတို့ပါတီ၏ မျှော်ရည်ယုံမှတ်မှုကို ဖော်ပြအပ်ပါသည်။
၅။ နွေဦးတော်လှန်ရေး၏ မျှော်မှန်းရည်ရွယ်ချက်များ ထမြောက်အောင်မြင်ရေးနှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရာတွင် မိမိတို့ ဒေသခံ လူမျိုးပေါင်းစုံပြည်သူတို့၏ သဘောထားကို အခြေခံလျက် အသီးသီးသော အခြား ဖက်ဒရယ်ယူနစ်များနှင့် တန်းတူမျှတစွာ ညှိနှိုင်းအဖြေရှာပြီး တစိုက်မတ်မတ် ဆက်လက် အားထုတ်သွားနိုင် ရေးတို့ကို မျက်ခြည်မပြတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒအမွန်ပြု၍ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၏ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ၊ ၃ ရက်။