(၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

(၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၃၁၊၁၊၂၀၂၂ ရက်နေ့တွင် ကျရောက်သော ကရင့်အမျိုးသားထုတစ်ရပ်လုံး၏ သမိုင်းတန်ဖိုးကြီးမြတ်လှသည့် (၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူတန်ဖိုးထားစွာ သဝဏ်လွှာပေးပို့အပ်ပါသည်။စောဘဦးကြီး၏ မူ (၄) ချက်ကို ကိုင်စွဲကာ ယနေ့ထက်တိုင် ဆက်လက်ဆင်နွှဲနေသော တော်လှန်ရေးကြီးအတွင်း အသက်ပေးခဲ့ကြသည့်၊ သဏ္ဍာန်အမျိုးမျိုးနှင့်ပေးဆပ်ခဲ့ကြသည့် ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ကရင်အမျိုးသား အာဇာနည်အပေါင်းအား မိမိတို့ပါတီက အလေးအမြတ် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ကရင်အမျိုးသားအစည်းအရုံးကြီးနှင့် ကရင့်အမျိုးသားတပ်မတော်သည် စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက် သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတိုက်ပွဲကြီးအတွင်း အရေးကြီးသည့် အချိုးအကွေ့တိုင်းတွင် မဟာမိတ်များနှင့်အတူ လူမျိုးစုံပြည်သူများနှင့်အတူ ဦးလည်မသုန် မှန်ကန်တည့်မတ်စွာ လက်တွဲ တိုက်ပွဲဝင်ခဲ့မှုများ၊ တိုက်ပွဲဝင်နေမှုများအပေါ် မိမိတို့ပါတီက အလေးအနက် ဂုဏ်ယူ မှတ်တမ်းတင်ပါသည်။၁၉၉၀ ခုနှစ်ကျော် ကာလများတွင်လည်းကောင်း၊ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကြီးအတွင်းတွင်လည်းကောင်း မိမိတို့ ပါတီဝင်များအပေါ်၊ အခြားမိတ်ဖက်အင်အားစုများအပေါ်၊ ကျောင်းသားလူငယ်များအပါအဝင် စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေး အင်အားစုဝင်များအပေါ် နိုင်ငံရေးအရ တန်းတူရည်တူ တန်ဖိုးထားပြီး လိုအပ်သည့် အကူအညီပေးမှုနှင့် သဏ္ဍာန်အမျိုးမျိုးဖြင့် ဝန်းရံလက်တွဲပြီး လှုပ်ရှားဆောင်ရွက်ပေးနေမှုများအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။မိမိတို့ပါတီအနေဖြင့် ကရင်အမျိုးသားအစည်းအရုံးကြီးနှင့်အတူ၊ ကရင့်အမျိုးသားတပ်မတော်နှင့်အတူ၊ ကရင်အ မျိုးသားများအပါအဝင် လူမျိုးစုံပြည်သူများနှင့်အတူ လက်တွဲပြီး ယနေ့ကာလနိုင်ငံရေးတာဝန်နှစ်ရပ်ဖြစ်သည့် စစ် အာဏာရှင်စနစ်အကုန်အစင်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတိုက်ပွဲကြီးတွင် ကျရာအခန်းမှ တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ ရက်။