ကရင်နီပြည် လူငယ်များသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း (၁၇) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
၁။ ကရင်နီပြည် လူငယ်များသမဂ္ဂ စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ (၂၁၊ ၄၊ ၂ဝ၂၄) တွင် ၁၇ နှစ် ပြည့် မြောက်ပြီ ဖြစ်သည်။
၂။ Kayah State Youth မှသည် Union of Kareni State Youth (UKSY) အဖြစ် ၁၇ နှစ်တာ ကာလတလျှောက် လူမျိုးစုံပြည်သူတို့အတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အာမခံချက်ရှိရေး၊ လူတန်းစားခွဲခြားမှု ကို ဆန့်ကျင်တွန်းလှန်ရေး၊ နိုင်ငံ့အရေးနှင့် ဒေသအရေးကိစ္စများ၌ ဆုံးဖြတ်ချက် ချနိုင်သော အခန်းကဏ္ဍများတွင် လူငယ်များ ပိုမိုပါဝင်ခွင့် ရရှိရေး၊ ပြည်တွင်း – ပြည်ပရှိ လူငယ်များအချင်းချင်း သွေးစည်းညီညွတ်ရေးတို့ကို ဦးတည် လှုပ်ရှား ဆောင်ရွက်ခဲ့သည်ကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် လေးစားစွာ ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည်။
၃။ UKSY အနေဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ အမျိုးသားတန်းတူခွင့် ရရှိ ခိုင်မာရေး၊ လူမျိုးကြီးဝါဒ ဆန့်ကျင် ရေး၊ ငြိမ်းချမ်းရေး၊ လူမှုတရားမျှတမှု ရရှိရေး စသည့် လှုပ်ရှားမှုများတွင် မိမိတို့ပါတီနှင့်ရော လူ့ဘောင်သစ်လူငယ် နှင့်ပါ ရင်းနှီးသော မိတ်ဆွေအင်အားစုတရပ်အဖြစ် လက်တွဲဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် သုတ်သင်ရေး နွေဦးတော်လှန်ရေးတွင်လည်း တိုက်ပွဲဖော်အင်အားစုတရပ်အဖြစ် ရင်းနှီးချစ်ကြည်စွာ လက်တွဲဆောင် ရွက်နိုင်ခြင်းကိုလည်း ဝမ်းမြောက် ဂုဏ်ယူအပ်ပါသည်။
ကရင်နီဒေသတွင်း အခရာကျသော နွေဦးတော်လှန်ရေး တိုက်ပွဲဝင်အင်အားစုများတွင် UKSY ခေါင်းဆောင်ဟောင်း များ ဦးဆောင်ကဏ္ဍမှ ပါဝင်နေကြသည်ကိုလည်း ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်ရလျက် ရှိပေသည်။
၄။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် နွေဦးတော်လှန်ရေး၏ နိုင်ငံရေးရည်မှန်းချက်များ ပြည့်မြောက် အောင်မြင်သည်အထိ၊ ထိုမှနောက်တွင်လည်း လူမှုတရားမျှတမှု ထွန်းကားသော လူ့အဖွဲ့အစည်းသစ်တရပ် ဖော် ဆောင် အောင်မြင်သည်အထိ UKSY ရဲဘော်များနှင့်လည်းကောင်း၊ ကရင်နီဒေသ ပြည်သူများနှင့်လည်းကောင်း၊ လူမျိုး ပေါင်းစုံ ဗမာပြည်သူလူထုကြီးနှင့်လည်းကောာင်း သွေးစည်းချစ်ကြည်မှု အရင်းခံနှင့် လက်တွဲ တိုက်ပွဲဝင်သွားမည် ဖြစ် ကြောင်း အလေးအနက် ကတိပြုလျက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဧပြီလ၊ (၂၁) ရက်။